Main menu

Background

ပခုက္ကူဈေးကွက်မှာ ပဲစင်းငုံနီဈေးစွာ၊ ကုလားပဲအုပ်စုပုံမှန်အဝင်ရှိနေ

Mon, 03/23/2015 - 21:28 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ပခုက္ကူဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဈေးမြှင့်အဝယ်ရှိတာကြောင့် ယခင်တစ်ပတ်ဖြင့် နှိုင်း ယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာ ၁၄၈၅ ကျပ်(တစ်တန်ကို ၉၀၉၃၉၉ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၄၀၀  ခန့်ဖြစ်ခဲ့ ကြောင်း သိရပါ တယ်။ ကုလားပဲဖြူလုံးကြီးနှင့် ကုလားပဲ(ထိုင်ဝမ်)က ဈေးကွက်သို့ ပုံမှန်အဝင်ရှိသလို မြို့ခံပဲခွဲစက်နှင့် လှောင်လက် တချို့ကလည်း   ဝယ်လိုအား  ပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် ကုလားပဲဖြူလုံးကြီးတစ်ပိဿာ ၉၃၁ ကျပ် (တစ်တန်ကို ၅၇၀၁၃၅ ကျပ်)၊ ကုလားပဲ(ထိုင်ဝမ်)  တစ် ပိဿာ ၉၀၅ ကျပ် (တစ်တန်ကို ၅၅၄၂၁၂ ကျပ်)   ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။