Main menu

Background

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီကို အိန္ဒိယအဆွဲသွက်လို့ ဈေးမြင့်

Mon, 03/23/2015 - 21:26 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (RC) ကို  အိန္ဒိယဝယ် လက်က ဈေးပေးအဝယ်ရှိသလို ဝယ်လိုအားပါသွက်လာတာ ကြောင့် ယခင်တစ်ပတ်ဖြင့်နှိုင်းယှဉ်ပါက ဈေးသိသာစွာမြင့်လာ ပြီး တစ်တန်ကိုအနိမ့် ဆုံး ၉၃၉၀၀၀ ကျပ်မှ အမြင့်ဆုံး ၉၈၀၀၀၀ ကျပ်ဈေးအတွင်း အရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း သိရပါ တယ်။  မတ်ပဲအနေဖြင့်   ဒီနှစ်မှာ  ရာသီဥတုမမှန်မှုကြောင့် အထွက်နှုန်းလျော့ကျလာပေမယ့်  မကြုံစဖူး   ဈေးကောင်းရရှိ ခဲ့ကြောင်း   ဈေးကွက်အတွင်းမှ  သိရပါတယ်။ ပဲစင်းငုံန (RC) ) ကိုလည်း အိန္ဒိယဝယ်လက်က ဝယ်လိုအားများလာသလို ရောင်း သူကုန်သည်များကလည်း   တက်ဈေးမှာ အရောင်းပို များခဲ့ ကြောင်း သိရပါတယ်။ အရောင်းအဝယ်အနေဖြင့် တစ်တန်ကို အနိမ့်ဆုံး ၉၃၈၀၀၀ ကျပ်မှ အမြင့်ဆုံး ၉၄၀၀၀၀ ကျပ်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း  သိရပါတယ်။ ပဲစင်းငုံနီအနေဖြင့် ပစ္စည်းလက်ကျန်နည်းနေကြောင်း ဒါပေမယ့် အိတ်စပို့ဝယ်လက် တွေကတော့ ဝယ်လိုအားပုံမှန်ရှိခဲ့ကြောင်း သိရပါတယ်။