Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲသွက်လို့ ဈေးမြောက်

Mon, 03/23/2015 - 21:33 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မကွေးဈေးကွက်မှာ ဒီတစ်ပတ်ပဲစင်းငုံနီကို ရန်ကုန်ဝယ် လက်က ဝယ်လိုအားသွက်နေသလို ရောင်းသူကုန်သည်များက လည်း တက်ဈေးမှာ အရောင်းပိုများခဲ့ကြောင်း သိရပါတယ်။ ပဲလက်ကျန်ကလည်း နည်းလာပြီ၊ ဒါပေမယ့် ရန်ကုန်ဝယ်လက်က ဝယ်လိုအားသွက်တော့ ထိန်းပြီး ရောင်းနေရတယ်လို့ မြို့ခံကုန် သည်တစ်ဦးက ဆိုပါတယ်။  အရောင်းအဝယ်အနေဖြင့်  တစ် ပိဿာကို ၁၄၈၅ ကျပ် (တစ်တန်ကို ၉၀၉၃၉၉ ကျပ်) ဈေးဖြင့် တစ်ရက်ကိုအိတ် ၅၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ကုလားပဲ (ထိုင်ဝမ်)(သစ်)က တော့ နယ်စုံမှ ဈေးကွက်သို့ ဝင်ရောက်နေ သလို ပဲခွဲစက်တွေကလည်း အရည်အသွေးအလိုက် ဝယ်လိုအား ပုံမှန်ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၀၀ ကျပ်(တစ်တန်ကို ၅၅၁၁၅၁ ကျပ်) ဈေးဖြင့်  ဝယ်လိုအားများခဲ့ ကြောင်း သိရပါတယ်။