Main menu

Background

မန္တလေးဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီဈေးကောင်းရနေ

Mon, 03/23/2015 - 21:31 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ပဲမျိုးစုံထဲမှာတော့ မတ်ပဲ နှင့် ပဲစင်းငုံနီက ဈေးကောင်းရပြီး ဈေးကွက်မှာဦးဆောင်နေတာ တွေ့ရပါ တယ်။ မတ်ပဲအနေဖြင့် ဒေသတွင်းပဲခွဲစက်တွေသာမက ရန်ကုန်ဝယ်လက်တချို့ကပါ    ဝယ်လိုအားပုံမှန်ရှိတာကြောင့် တစ်ပိဿာကို ၁၅၀၀ ကျပ် (တစ်တန်ကို ၉၁၈၅၈၅ ကျပ်) ဈေး ဖြင့် တစ်ရက်ကိုအိတ် ၅၀၀ ခန့်   အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအနေဖြင့် ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက်ကျန် နည်းနေပေမယ့် နထစသမအ အတွက်အဓိကဝယ် ယူနေတဲ့ ရန်ကုန်ဝယ်လက်က အရည်အသွေးအပေါ်မူတည်ပြီး ဝယ်လိုအားသွက်လာတာကြောင့် ယခင်တစ်ပတ်ဖြင့် နှိုင်းယှဉ်ပါ က ဈေးမြင့်လာပြီး တစ်ပိဿာကို   ၁၄၉၂ ကျပ် (တစ်တန်ကို ၉၁၃၆၈၅ ကျပ်)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရ ပါတယ်။ ကုလားပဲဖြူလုံးကြီး(သစ်) ကတော့ ဈေးကွက်သို့ပုံမှန် ဝင်ရောက်နေသလို မြို့ခံပဲခွဲစက်တွေကလည်း ဝယ်လိုအား ပုံမှန် ရှိခဲ့ကြောင်း၊ အရောင်းအဝယ်အနေဖြင့် တစ်ပိဿာ ၉၁၇ ကျပ် (တစ်တန်ကို ၅၆၁၅၆၁ ကျပ်) ဈေးဖြင့် အရောင်းအဝယ်ဖြစ်မှု များခဲ့ကြောင်း သိရပါတယ်။