Main menu

Background

မုံရွာဈေးကွက်မှာ မတ်ပဲနှင့် ပဲစင်းငုံနီ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်

Mon, 03/23/2015 - 21:32 -- journal_editor

အတွဲ(၁၅)အမှတ်(၁၂)

မုံရွာဈေးကွက်မှာ ဒီတစ်ပတ်မတ်ပဲကို ရန်ကုန်ဝယ်လက် နှင့် မြို့ခံပဲခွဲစက်တွေ ဝယ်လိုအား  ဆက်တိုက်ရှိတာကြောင့်  ယခင်တစ်ပတ်ဖြင့်   နှိုင်းယှဉ်ပါက ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၄၆၅ ကျပ် (တစ်တန်ကို ၈၉၇၁၅၁ ကျပ်)ဈေးဖြင့် တစ်ရက်ကို အိတ် ၄၀၀ ခန့်   အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီကတော့  ရောင်းသူကုန်သည်တွေထံမှာ ပစ္စည်းလက် ကျန်နည်းနေပေမယ့်   အိန္ဒိယအတွက် အဓိကဝယ်ယူနေတဲ့ ရန်ကုန်ဝယ်လက်ကတော့ အရည်အသွေးအပေါ်မူတည်ပြီး ဈေး ကောင်းပေးအဝယ်ရှိတာကြောင့် ယခင်တစ်ပတ်ဖြင့်နှိုင်းယှဉ်ပါ က ဈေးမြင့်လာပြီး တစ်ပိဿာ ၁၄၈၅ ကျပ်   (တစ်တန်ကို ၉၀၉၃၉၉ ကျပ်) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါ တယ်။