Main menu

Background

ရေစကြိုကုန်စည်ဒိုင်တွင် မြေပဲဆန်ဈေး အနည်းငယ်ကျ

Thu, 05/31/2018 - 10:21 -- journal_editor

 

ယခုတစ်ပတ် ရေစကြိုကုန်စည်ဒိုင်တွင် မြေပဲ ဆန်ဈေးမှာ အနည်းငယ်ကျလျက်   မြေပဲလုံးဆန်နီ (မြောင်) တစ်ပိဿာလျှင် ကျပ်၂၃၀၀၊ ကျွန်းဆန် တစ်ပိဿာလျှင်က ျပ် ၂၁၀၀၊ S1  (မြေပဲဖြူလုံးဆန်) တစ်ပိဿာလျှင်ကျပ် ၂၄၀၀၊ M12(မြေပဲလုံးဆန်) တစ်ပိဿာလျှင် ကျပ်၂၂၀၀ မှ ၂၄၀၀ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ပဲပိစပ်တစ်တင်းလျှင်ကျပ် ၉၀၀၀၊ ပဲလွန်းပြာတစ်တင်းလျှင်ကျပ်၁၃၅၀၀၊ ကုလား ပဲဝါ HL တစ်တင်းလျှင်ကျပ် ၂၀၀၀၀ ဖြင့် အိတ် ၅၀ ခန့်၊ ကုလားပဲဖြူလုံးကြီး  V2 တစ်တင်းလျှင်ကျပ်၂၁၀၀၀ ဖြင့်  ၃၅ အိတ် ခန့်၊ ၉၂၉ ကုလားပဲဖြူတစ်တင်းလျှင်ကျပ် ၂၀၅၀၀ ဖြင့် အိတ် ၅၀ ခန့်၊ စွန်တာနီတစ်တင်းလျှင်ကျပ် ၂၀၀၀၀၊ ပဲဇီးကွက်တစ်တင်း လျှင်  ကျပ် ၂၃၂၀၀၊ ပဲနီပြားတစ်တင်းလျှင်  ကျပ် ၂၆၅၀၀ မှ ၂၇၅၀၀၊ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၄၀၀၀၀ မှ ၄၁၀၀၀ ဖြင့် အိတ် ၂၀၀ ခန့်၊ နှမ်းဖြူသန့်တစ်တင်းလျှင် ကျပ် ၄၂၀၀၀မှ ၄၅၀၀၀၊ မတ်ပဲတစ်တင်းလျှင်ကျပ် ၁၃၀၀၀ မှ ၁၅၀၀၀၊ ပြောင်းဖူးစေ့(CP)ဈေးမှာ   တစ်တင်း လျှင်ကျပ် ၁၀၇၀၀ ဈေးဖြင့် အိတ် ၃၀၀ ခန့်  အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း ရေစကြိုကုန်စည်ဒိုင်မှ သတင်း ရရှိပါတယ်။                         

 

လှိုင်ဥမ္မာဦး(ပခုက္ကူ)