Main menu

Background

ကယားပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုအခြေအနေများ

Wed, 10/07/2020 - 15:06 -- journal_editor

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ကယားပြည်နယ်မှ မန္တလေးမြို့သို့ ဒေသထွက် (ဧည့်မထ)ဆန် စုစုပေါင်းအိတ် ၈၄၈၀ တန်ချိန်အားဖြင့် ၄၂၅ ဒသမ ၇၉ တန်တင်ပို့နိုင်ခဲ့ပြီး အခြားမြို့ကြီးများမှတစ်ဆင့် ကယားပြည်နယ်အတွင်းသို့ တင်သွင်းမှုအနေဖြင့် ရန်ကုန်မြို့မှ ဆန်အိတ် ၂၄၃၀ ၊ မန္တလေးမြို့မှ ဆန်အိတ် ၉၅၀ နှင့် ရွှေဘိုမြို့မှ ဆန်အိတ် ၁၇၆၀ အိတ် တင်သွင်းခဲ့ကြောင်း ပြည်နယ်အထွက်ဂိတ်စာရင်းများအရ သိရှိရသည်။

ကယားပြည်နယ်အတွင်း ယခုလက်ရှိဖြစ်ပေါ်နေသော စပါးဈေးနှုန်းများအနေဖြင့် ဧည့်မထ(မိုး)စပါး၄၆ပေါင် တင်း၁၀၀လျှင် ကျပ် ၇၆၆၀၀၀ ဈေးပေါက်လျက်ရှိသောကြောင်း ယခင်လနှင့်နှိုင်းယှဉ်မည်ဆိုပါက ဧည့်မထ(မိုး)စပါး၄၆ပေါင် တင်း ၁၀၀ လျှင် ကျပ် ၃၉၀၀၀ ‌ဈေးကျသွားကြောင်း ၊ ဆန်ဈေးနှုန်းများအနေဖြင့်  ပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၆၃၀၀၀ ၊ ဧည့်မထ(ဒေသ)ဆန်တစ်အိတ်လျှင်  ကျပ် ၃၇၀၀၀ ၊ ငစိန်ဆန်တစ်အိတ်လျှင် ကျပ် ၂၅၀၀၀၊ စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင်(စည်ပင်လက်လီဈေး) ကျပ် ၇၀၀၀ ၊ နှမ်းဆီတစ်ပိဿာလျှင်(စည်ပင်လက်လီဈေး) ကျပ် ၇၀၀၀ ၊ စားအုန်းဆီ တစ်ပိဿာလျှင် (စည်ပင် လက်လီ ဈေး) ကျပ် ၂၄၀၀ ၊  ပြောင်း(ခြောက်)တစ်ပိဿာလျှင် ကျပ် ၃၅၀ ၊ ငရုတ်သီး ခြောက်(ရှည်) တစ် ပိဿာလျှင် ကျပ် ၇၅၀၀ ၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာလျှင် ကျပ် ၁၇၀၀၀ ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက် သတင်းများအရ သိရှိရသည်။

ဖြိုးဝေအောင်(ကယား)