Main menu

Background

ရှမ်းပြည်နယ်(တောင်ပိုင်း) နိုဝင်ဘာလအတွင်း ကုန်စည်စီးဆင်းမှုအခြေအနေ

Thu, 12/03/2020 - 14:38 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်များဖြစ်သော တောင်ကြီး၊ အောင်ပန်း၊ ရပ်စောက်၊ ကလော၊ ညောင်ရွှေ၊ ရွာငံမြို့များမှ ဒေသတွင်းနှင့် ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီ၊ မြင်းခြံ၊ နေပြည်တော်၊ မုံရွာ၊ ပြည်၊ စစ်တွေ၊ တပ်ကုန်း၊ မိတ္ထီလာ၊ သာစည်၊ တောင်ငူနဲ့ပဲခူးမြို့များသို့ သီးနှံနှင့် သစ်သီးဝလံ၊ ကုန်စိမ်းမျိုးစုံ စီးထွက် လျှက်ရှိရာ အောင်ပန်း ကုန်စည်ဒိုင်၏ ပေးပို့သော စာရင်းများအရ အစေ့ထုတ်ပြောင်းတစ်ပိဿာ ၃၅၀ ကျပ်မှ ၃၈၀ ကျပ်နှုန်းဖြင့် ကုန်ချိန် ၃၈၈၀ဝ၀၊ ပန်းနှမ်းတစ်ပိဿာ ၁၄၀ဝကျပ်မှ ၁၅၀ဝကျပ် နှုန်းဖြင့် ကုန်ချိန် ၅၅၀ဝ၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၅၀ဝကျပ်မှ ၂၅၀ဝ ကျပ်နှုန်းဖြင့်  ကုန်ချိန် ၅၁၃၀ဝ၀၊ အာလူးတစ်ပိဿာ  ၅၀ဝ ကျပ်မှ ၈၅၀ ကျပ်နှုန်းဖြင့်  ကုန်ချိန် ၁၂၂၇၀ဝ၀ ၊ ချင်းတစ်ပိဿာ၉၀ဝကျပ်မှ ၁၀ဝ၀ကျပ်နှုန်းဖြင့်  ကုန်ချိန် ၄၇၃၀ဝ၀၊ နနွင်းတစ်ပိဿာ ၁၀ဝ၀ကျပ်မှ ၂၀ဝ၀ကျပ်နှုန်းဖြင့်  ကုန်ချိန် ၂၁၄၀ဝ၀၊ ချင်းခြောက်တစ်ပိဿာ ၂၀ဝ၀ကျပ်မှ ၂၅၀ဝကျပ် နှုန်းဖြင့်  ကုန်ချိန် ၂၂၆၀ဝ၀၊ ခရမ်းချဉ်တစ်ပိဿာ၂၀ဝကျပ်မှ၄၀ဝကျပ်နှုန်းဖြင့်  ကုန်ချိန် ၂၄၄၀ဝ၀၊  ဂေါ်ဖီတစ်ထုပ်လျှင် ၃၀ဝ ကျပ်မှ ၅၅၀ကျပ်နှုန်းဖြင့်  ကုန်ချိန် ၂၂၆၈၀ဝ၀၊ ပန်းမုံလာတစ်ပိဿာ ၅၀ဝကျပ်မှ ၇၀ဝကျပ်နှုန်းဖြင့်  ကုန်ချိန် ၁၆၅၆၀ဝ၀၊ မုံညင်း တစ်ပိဿာ ၅၀ဝ ကျပ်မှ ၇၀ဝကျပ်နှုန်းဖြင့်  ကုန်ချိန် ၂၂၅၀ဝ၀၊ ဘိုစားပဲ တစ်ပိဿာ ၁၄၀ဝကျပ်မှ ၁၆၀ဝကျပ်နှုန်းဖြင့်  ကုန်ချိန် ၂၀၅၀ဝ၀၊ ရွှေပဲတစ်ပိဿာ ၂၀ဝ၀ကျပ်မှ ၃၀ဝ၀ ကျပ်နှုန်းဖြင့်  ကုန်ချိန် ၁၁၃၀ဝ၀၊ ဂျူးမြစ် တစ်ပိဿာ ၁၀ဝ၀ကျပ်မှ ၁၂၀ဝကျပ်နှုန်းဖြင့်  ကုန်ချိန် ၁၅၅၀ဝ၀၊ ငြုပ်ပွတစ်ပိဿာ ၁၆၀ဝကျပ်မှ ၂၀ဝ၀ကျပ်နှုန်းဖြင့်  ကုန်ချိန် ၂၅၅၀ဝ၀၊ မုံလာဥနီ တစ်ပိဿာ ၆၀ဝ ကျပ်မှ ၈၀ဝကျပ်နှုန်းဖြင့်  ကုန်ချိန် ၃၅၇၀ဝ၀၊ လိမ္မော်သီးတစ်ပိဿာ ၁၅၀ဝ ကျပ်မှ ၂၀ဝ၀ကျပ်နှုန်းဖြင့်  ကုန်ချိန် ၄၃၅၀ဝ၀၊ လက်ဖက်ခြောက် တစ်ပိဿာ ၃၀ဝ၀ကျပ်မှ ၆၅၀ဝကျပ်နှုန်းဖြင့်  ကုန်ချိန်၁၂၇၅၀ဝ၊ လက်ဖက်စို တစ်ပိဿာ ၂၀ဝ၀ကျပ်မှ ၂၅၀ဝကျပ်နှုန်းဖြင့်  ကုန်ချိန် ၁၁၂၀ဝ၀ ၊ ကုန်စိမ်းစုံကုန်ချိန် ၁၆၅၀ဝ၀ဝ အသီးသီးစီးထွက်သွားကြောင်းသိရပါတယ်။  အောင်ပန်းမှ (၁)ရက်လျှင် ကုန်စည်ကားအစီးရေ၂၀မှ ၂၅စီးဆင်းမှုရှိကြောင်းနှင့် ပြောင်း၊ ပန်းနှမ်း၊ ချင်းသီးနှံများအသစ်ဝင်လာပါတယ်။ ချင်းမှာလည်း ပြည်ပ အဆွဲနည်းပြီး လှောင်လက် နှင့်ဈေးပတ်သမားများသာဝယ်ယူမှုရှိသဖြင့် ဈေးအေးနေပါတယ်။ လတ်တလောတွင် ကုန်စိမ်းနှင့် လိမ္မော်သီးကားများ ပုံမှန်စီးဆင်းမှုရှိနေကြောင်းတဆင့်သိရှိရပါတယ်။

အောင်မြင်သူ(တောင်ကြီး)