Main menu

Background

မော်လမြိုင်ကုန်စည်ဒိုင် ကုန်စည်ဈေးနှုန်း

Thu, 09/22/2022 - 15:44 -- journal_editor

စက်တင်ဘာ ၇ ရက် မော်လမြိုင်ကုန်စည်ဒိုင်၏ ကုန်ဈေးနှုန်း ပေါက်ဈေးများ မှာ ၁၀၈ ပေါင်ဆန်တစ်အိတ် (အနိမ့်) ဈေးနှုန်း ဧည့်မထ ကျပ် ၄၁၅၀ဝ၊ ပေါ်ကျွဲ ကျပ် ၅၀၅၀ဝ၊ ပေါ်ဆန်း ကျပ် ၆၁၅၀ဝ၊ ၂၀ ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်း ပဲတီစိမ်း ကျပ် ၄၁၀ဝ၀၊ မတ်ပဲ ကျပ် ၆၄၈၀ဝ၊ ပဲလွမ်းဖြူ  ကျပ် ၄၂၀ဝ၀၊ ဗိုလ်ကိတ်ပဲ ကျပ် ၃၉၀ဝ၀၊ ပဲပုပ် ကျပ်  ၆၀ဝ၀ဝ၊ သစ်သီးဝလံတွင် ပန်းရောင်ကျွဲကောသီး ကျပ် ၆၀ဝ မှ ၁၈၀ဝ၊ ကျွဲကောသီးအဖြူ  ကျပ် ၆၀ဝ မှ ၁၀ဝ၀၊ ရေထွက်ကုန် တစ်ပိဿာ ဈေးနှုန်း ငါးတန် ကျပ် ၃၃၀ဝ၊ ငါးမြစ်ချင်း ကျပ် ၆၀ဝ၀၊ တီလားဗီးရား ကျပ် ၇၃၀ဝ၊ ကင်းမွန် ကျပ် ၁၈၀ဝ၀၊ ကကတစ် ကျပ် ၁၄၅၀ဝ၊ ငါးကွန်းရှပ် ကျပ် ၈၅၀ဝ၊ ငါးပုတ် သင် (ငါးဗျက်) ကျပ် ၆၅၀ဝ၊ ပုစွန်ပျော့ ကျပ် ၁၈၀ဝ၀ မှ ၂၄၅၀ဝ၊ ရေချိုပုစွန်တုပ်(စိမ်း) ကျပ် ၃၂၀ဝ၀ မှ ၆၅၀ဝ၀ အသီးသီး ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
ယခင်တစ်ပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ်ပါက ၁၀၈ ပေါင် ဆန်တစ်အိတ်ဈေးနှုန်း နှင့် သစ်သီးဝလံများ ဈေးနှုန်းတည်ငြိမ်နေပြီး ၂၀ပိဿာဝင် ပဲတစ်တင်း ဈေးနှုန်း တွင် ပဲပုပ်တစ်တင်း ကျပ် ၂၀ဝ၀ ဈေးနှုန်းမြင့်တက်နေကြောင်း၊ ရေထွက်ကုန်အများစု မှာ အမျိုးအစား၊ အရွယ်အစားနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးကွက်အတွင်း ဈေးနှုန်း အတက်/အကျ ဖြစ်ပေါ်နေကြောင်း မော်လမြိုင်ကုန်စည်ဒိုင်မှ သိရသည်။
ဝင်းမြတ် (ရာမညကုန်သွယ်မှုဗဟိုဌာန)