Main menu

Background

ချောက်မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ဈေးနှုန်းအခြေအနေ

Fri, 12/09/2022 - 11:06 -- journal_editor

မကွေးတိုင်းဒေသကြီး  ချောက်ခရိုင် ချောက်မြို့နယ်ရှိ မြို့မဈေးသည် အနီးပတ်ဝန်းကျင်ကျေးရွာများမှ နေ့စဉ် လာရောက်သည့်အပြင်  ဆိပ်ဖြူနှင့် ယောနယ်ဒေသမှ   စားသုံးသူများကလည်း လာရောက်ရောင်းဝယ်ဖောက်ကားရာ ဈေးဖြစ်သည်။ 
အဆိုပါဈေးတွင် နိုဝင်ဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်း အရောင်းအဝယ်ဖြစ်နေသည့် ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင်  ကျပ် ၂၂၀ဝ မှ ၂၄၀ဝ၊ ခရမ်းချဉ်သီး (ဗမာ)တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ကျပ် ၁၇၀ဝ၊ ပန်းဂေါ်ဖီပွင့် တစ်ပွင့်လျှင် ကျပ် ၁၀ဝ၀၊ ဘူးသီး တစ်လုံးလျှင် ကျပ် ၃၀ဝ မှ ၇၀ဝ၊ ပဲထောင့်ရှည် တစ်ပိဿာလျှင်  ကျပ် ၁၅၀ဝ၊ အာလူး တစ်ပိဿာလျှင် ကျပ် ၂၃၀ဝ မှ ၂၅၀ဝ၊  မုန်ညင်းထုပ်  တစ်ပိဿာလျှင်   ကျပ် ၁၅၀ဝ၊ ကန်စွန်းရွက် တစ်စည်းလျှင် ကျပ် ၇၀၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် ကျပ် ၁၀ဝ၊ နံနံပင် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ ငရုတ်ခြောက်ရှည် တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ မှ ၂၂၀ဝ၀၊ ကြက် သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၇၀ဝမှ ၄၀ဝ၀၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ လျှင် ကျပ် ၅၂၀ဝ မှ ၅၅၀ဝ၊ ကြက်သွန် ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ၊ နနွင်းတက်  တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊  ချင်းတက် တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀မှ ၂၂၀ဝ၊ မန်ကျည်းသီးမှည့် တစ်ပိဿာလျှင် ကျပ် ၄၅၀ဝမှ ၅၀ဝ၀၊ မြေပဲဆန် တစ်ပြည်လျှင် ကျပ် ၅၅၀ဝမှ ၅၈၀ဝ၊ ဆား တစ်ပိဿာလျှင် ကျပ် ၅၀ဝ မှ ၅၅၀၊ ကုလားပဲခြမ်း တစ်ပြည်လျှင် ကျပ် ၅၅၀ဝမှ ၆၀ဝ၀၊ သကြား တစ်ပိဿာလျှင် ကျပ် ၂၆၀ဝမှ ၃၀ဝ၀၊ ပဲဆီ တစ်ပိဿာလျှင်  ကျပ် ၉၇၀ဝ မှ ၁၁၀ဝ၀၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝမှ ၁၁၅၀ဝ၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၇၀ဝ၊ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၇၉၀ဝ၀ မှ ၉၇၀ဝ၀၊  ဧည့်မထ(မိုး) တစ်အိတ်လျှင်    ကျပ် ၄၅၀ဝ၀ မှ ၅၇၀ဝ၀၊  ဝက်သား တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀၊  ကြက်သား တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊  အမဲသား တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ ဆိတ်သား  တစ်ပိဿာလျှင်   ကျပ် ၂၀ဝ၀ဝ၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၆၈၀ဝ၀ဝ၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၂၅၁၀ဝ၀ဝ၊ ၁၄ ပဲရည် တစ်ကျပ်သားလျှင်  ကျပ် ၂၃၄၅၀ဝ၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း လေ့လာ သိရှိရသည်။
ချိုဝေလွင်(ချောက်)