Main menu

Background

ဧရာဝတီတိုင်းဒေသကြီးတွင် သီဟိုဠ်ဈေးကွက်ကောင်းနေ

Wed, 03/01/2023 - 15:35 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဒေသထွက်ကုန်များတွင် ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်မှာ ရာသီ သီးနှံအဖြစ်  ဖေဖော်ဝါရီလတတိယပတ်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး မတ်လပိုင်းမှာ သီဟိုဠ်လှိုင်လှိုင်ပေါ်သည့် အချိန်ဖြစ်ကြောင်း၊ မိုးမရွာခင်အချိန်အထိ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်၍ မေလ၊ ဇွန်လများတွင် မိုးရွာသွန်းပါက သီဟိုဠ်စေ့မှာ မိုးမိလျှင်  ရေဝင်ပြီး အသီးမှာမည်းသွားသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ်မဖြစ်တော့ဘဲ သီဟိုဠ်ရာသီ ပြီးဆုံးသွားကြောင်း ဈေးကွက်မှ သိရသည်။
တိုင်းဒေသကြီးအတွင်း သီဟိုဠ်စိုက်ဧက ၆၅၀ဝ၀ ခန့်ရှိပြီး မြောင်းမြခရိုင်၊   ဟင်္သာတခရိုင်နှင့် လပွတ္တာခရိုင် အပါအဝင် ပုသိမ်ခရိုင် ပုသိမ်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့နယ်နှင့် ပင်လယ် ကမ်းခြေချောင်းသာ၊ ငွေဆောင်ဒေသများတွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ပုသိမ်မြို့ပေါ်တွင် သီဟိုဠ် စေ့ကုန်ကြမ်း ဝယ်ယူသည့်ဒိုင်များမှ  ရန်ကုန်သို့တင်ပို့၍ ရန်ကုန်မှတစ်ဆင့် ကုန်ချောများ ပြုလုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း အဝယ်ဒိုင်များမှသိရသည်။ ယခင်နှစ်သီဟိုဠ်ပေါ်ချိန်  တစ်ပိဿာ ကျပ် ၃၂၀ဝ မှ ၃၃၀ဝ ဈေးသာရှိသော်လည်း ယခုနှစ်တွင် သီဟိုဠ် တစ်ပိဿာ ကျပ် တစ်ထောင်ကျော် ဈေးနှုန်းမြင့်တက်၍ ယခုနှစ် သီဟိုဠ် တစ်ပိဿာ ကျပ် ၄၂၀ဝ မှ ၄၃၀ဝ အတွင်းရှိကြောင်း၊ အချို့မြို့နယ်များတွင် သီဟိုဠ်အရည်အသွေး ကွာခြားမှုပေါ်မူတည်၍ဈေးနှုန်း ကွာခြားမှုရှိနိုင်ကြောင်း မြို့ပေါ်ရှိ သီဟိုဠ်အဝယ်ဒိုင်များမှ သိရသည်။                      

 

  မင်းမင်းဦး(ပသ)