Main menu

Background

ပြည်ခရိုင် စားဖိုဆောင်သီးနှံ၏ ဈေးနှုန်းဈေးကွက်

Tue, 05/23/2023 - 11:26 -- journal_editor

ကြက်သွန်ဖြူ    
ပြည်ဈေးကွက်တွင် စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူမှာ ရှမ်းပြည်နယ်မှ အဝင်ရှိသော ရှမ်းမြွှာများရှိ သလို မန္တလေးဘက်မှ အဝင်ရှိသော ကြူကုတ်များလည်းရှိ သည်။ ပွဲရုံများမှ ရှမ်းစလက်ကား တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀၊  လက်လီတစ်ပိဿာလျှင်  ကျပ် ၇၀ဝ၀  ဖြင့် လည်း ကောင်း၊ ကြူကုတ် တစ်ပိဿာလျှင် လက်ကား  ကျပ် ၆၅၀ဝ၊ လက်လီတစ်ပိဿာလျှင်  ကျပ် ၇၀ဝ၀ ဖြင့် ဒေသတွင်းအရောင်း အဝယ်ဖြစ်သလို ဥညူငညန ဈေးကွက်တွင်လည်း  ကြူကုတ် (အကြီး) တစ်ပိဿာလျှင်  ကျပ် ၇၆၀ဝ၊ ရှမ်းစကြက်သွန်ဖြူ အကြီး  တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ ဖြင့် အမှာရှိသလို အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်များက ပြည်ဈေးကွက်သို့ ရာသီဥတုအခြေအနေအရ အဝင် အနည်းငယ်  လျော့နည်းခဲ့ပြီး ယခုတစ်ပတ်မှာတော့ ပုံမှန် အဝင်ဆက်ရှိနေကြောင်း သိရှိရသည်။ ခရိုင်အတွင်းရှိ မြို့နယ်များမှ အမှာများလည်းရှိသလို မြန်အောင်၊ ကြံခင်း၊ ကွင်းလှမြို့နယ်များလည်း အမှာရှိကြောင်း သိရသည်။ 

ခရမ်းချဉ်သီး    
ပြည်ဈေးကွက်၌ ဧပြီလအတွင်း ခရမ်းချဉ်သီး လက်လီ အချော(အကြီး) တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ  (လတ်) တစ် ပိဿာလျှင် ကျပ် ၂၀ဝ၀ ဈေးရှိပြီး၊ လက်ကားတစ်ပိဿာလျှင် (ကြီး) ကျပ် ၃၀ဝ၀ (လတ်) ကျပ် ၂၅၀ဝ ဈေးရှိခဲ့သည်။ သီးနှံ ရှားချိန်ဖြစ်၍ ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ယခုတစ်ပတ်တွင် ရှမ်းခရမ်းချဉ်သီးချော (ကြီး)တစ် ပိဿာလျှင် ကျပ် ၂၀ဝ၀၊ လက်ကား တစ်ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၅၀ဝ ဈေးဖြင့် လက်လီအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

အာလူး    
အာလူးကို ဒေသတွင်းလုပ်ငန်းရှင်များက အဝယ်ရှိသည့် အပြင် လက်လီသမားများကလည်း အဝယ်ရှိသည်။ အာလူး အချောကြီး လက်လီတစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ဈေးရှိပြီး လက်ကား တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ ဈေးရှိသည်။ အလုံး အကြီး အသေးရောရာ တစ်ပိဿာလျှင်  ကျပ် ၂၆၀ဝ ဈေးရှိ ကြောင်း သိရှိရသည်။

ကြက်သွန်နီ    
ပြည်ဈေးကွက်၌ ယခုတစ်ပတ်တွင်  ကြက်သွန်နီသီးနှံ ဝင်ရောက်မှုနည်းသွားကာ အောင်လံ၊ တောင်တွင်းဘက်မှသာ အဝင်ရှိပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် တစ်ပတ်လျှင် ရက်ခြား ပိဿာချိန် ၂၃၀ဝ၀ ခန့်သာ အဝင်ရှိ နေသည်။ အဝင်နည်းသလို အရောင်းအဝယ်မှာလည်း ပါးနေ ကြောင်းသိရပြီး ဈေးနှုန်းမှာလည်း လက်လီလက်ကား တစ် ပိဿာလျှင် ကျပ် ၂၂၀ဝ - ၂၅၀ဝ တို့ဖြင့် ရောင်းချလျက်ရှိသည်။ 
ပြည်ဈေးကွက်အတွင်း      မကွေးတိုင်းဒေသကြီး၊  မန္တလေးတိုင်းဒေသကြီးတို့မှ ကြက်သွန်နီများအပြင် ပြည် ဒေသထွက် မှော်ဇာကြက်သွန်နီနှင့် ဆင်မြီးဆွဲ ကြက်သွန်နီများ ကို ဈေးများတွင် စိုက်ပျိုးသူတောင်သူများက ကိုယ်တိုင်ရောင်း ချသလို ဥညငူညန ပေါ်မှလည်း ရောင်းချကြသည်။ ပြည်ဒေသ ထွက် ကြက်သွန်နီများကို  အထုံးတွဲလေးများဖြင့်ထုံးကာ ရောင်းချကြပြီး  အမြစ်ဖြတ်မထားသည့်အတွက် ကြာကြာ အထားခံပြီး အစို့မပေါက်သလို ပုပ်ခြင်းနှင့် အလေးချိန်လျော့ ခြင်းတို့ကိုလည်း စိုးရိမ်စရာ မလိုတော့ဘဲ စားသုံးသူများက စိတ်ချစွာ ဝယ်ယူစားသုံးကြကြောင်း သိရသည်။             ပြည်ခရိုင်အတွင်း  ကြက်သွန်နီ  စိုက်ဧက ၇၂၇ ဧက စိုက်ပျိုးပြီး တစ်ဧကလျှင် အထွက်နှုန်း ပိဿာချိန်  ၄၂၀ဝ ခန့် ထွက်ရှိကြောင်း သိရပြီး ကြက်သွန်နီ အထုံးတွဲ တစ်ပိဿာလျှင် ကျပ် ၂၆၀ဝ-၂၇၀ဝ  တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရ သည်။

ဆုမွန်ဆွေ၊ ဝင်းလဲ့ဝါ(ပြည်)