Main menu

Background

နေပြည်တော်ကောင်စီနယ်မြေအတွင်းရောင်းချလျက်ရှိသောအခြေခံစားကုန်ဈေးနှုန်းများ

Tue, 05/23/2023 - 13:45 -- journal_editor

၂၀၂၃ခုနှစ် မေလ တတိယပတ်အတွင်း နေပြည်တော် ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်  ၄၄၅၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၆၅၀ကျပ်၊ မနောသုခ တစ်ပြည် ၂၄၅၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
ကြက်သွန်နီလက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၆၀ဝကျပ်၊ (လတ်)တစ် ပိဿာ ၂၄၀ဝကျပ်၊ (သေး)တစ်ပိဿာ ၂၂၀ဝကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၀ဝ ကျပ်မှ ၅၂၀ဝကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၇၀ဝကျပ်မှ ၄၂၀ဝကျပ်ထိ၊ ငရုတ်သီး ခြောက် လက်လီဈေးမှာ(အရှည်)တစ်ပိဿာ ၁၂၅၀ဝကျပ်မှ ၁၆၅၀ဝကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀ဝ၀ကျပ်မှ ၁၈၅၀ဝကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၀ဝ၀ကျပ်မှ ၂၄၀ဝကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ၉၀ဝကျပ်မှ ၁၅၀ဝကျပ်ထိ   အရောင်း အဝယ်ဖြစ်လျက်ရှိသည်။
ကြက်ဥလက်လီဈေးမှာ တစ်လုံး၂၁၅ကျပ်မှ၂၄၀ကျပ်ထိဖြစ်သည်။  အသား/ ငါးဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၈၁၀ဝကျပ်မှ ၁၁၀ဝ၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၄၀ဝ၀ကျပ်မှ ၁၈၀ဝ၀ကျပ်အထိ၊ ဝက်သား တစ် ပိဿာ ၁၄၅၀ဝကျပ်မှ ၁၈၀ဝ၀ကျပ်အထိ၊ အမဲသား တစ်ပိဿာ  ၁၂၀ဝ၀ကျပ်မှ ၁၆၅၀ဝကျပ်အထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၆၈၀ဝ ကျပ်မှ ၁၁၅၀ဝအထိ၊ ငါးကြင်း တစ်ပိဿာ ၁၁၂၀ဝကျပ်မှ ၁၆၅၀ဝကျပ်အထိ ရောင်းဝယ်နေကြောင်းသိရသည်။
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင်  ၁၄၅၀ဝ ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၃၀ဝ ကျပ်နှင့်နှမ်းဆီတစ်ပိဿာလျှင် ၁၄၀ဝ၀ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။                 

 

ထွန်းမင်းသန့်(နေပြည်တော်)