Main menu

Background

ငါန်းဇွန်မြို့မဈေးတွင်ရောင်းချနေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Tue, 05/23/2023 - 13:47 -- journal_editor

ငါန်းဇွန်မြို့ရှိ မြို့မဈေးတွင်  ယခု ဒုတိယပတ်အတွင်း   ဖြစ်ပေါ် ခဲ့သော  အခြေခံစားသောက်ကုန်များ၏    လက်လီဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း(ဟောင်း) တစ်ပြည်လျှင်ကျပ် ၄၅၀ဝ၊ (အသစ်)တစ် ပြည်လျှင်ကျပ် ၃၈၀ဝ၊ မဂျမ်းတော(ဟောင်း)တစ်ပြည်လျှင်  ကျပ် ၄၂၀ဝ၊ (အသစ်)တစ်ပြည်လျှင် ကျပ် ၃၇၀ဝ၊ ပုသိမ်ပေါ်ဆန်း(ဟောင်း)တစ်ပြည်လျှင် ကျပ် ၄၀ဝ၀ ၊ မနောသုခတစ်ပြည်လျှင်  ကျပ် ၂၇၀ဝ၊ ၃၀ဝ၀၊ကုလားပဲခြမ်း တစ်ပြည်လျှင် ကျပ် ၆၄၀ဝ၊ ပဲထောပတ် တစ် ပြည်လျှင် ကျပ် ၅၀ဝ၀၊ ကြက်ဥတစ်လုံးလျှင်  ကျပ် ၂၅၀၊၂၈၀၊ ဘဲဥ တစ်လုံးလျှင် ကျပ် ၃၅၀၊ ၄၀ဝ၊ သားငါးဈေးများအနေဖြင့် ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ ငါးမြစ်ချင်း   တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀ ၊ငါးခူ တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ-၈၀ဝ၀၊ ငါးမြင်းတစ်ပိဿာ လျှင် ကျပ် ၆၅၀ဝ ၊ ကြက်သား(CP)အကောင်လိုက် တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀၊ ရင်ပုံသား တစ်ပိဿာလျှင်  ကျပ် ၁၂၀ဝ၀   ပေါင်သား တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊   ဗမာကြက်တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀-၁၅၀ဝ၀၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊၁၆၀ဝ၀ ၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၀ ဝန်းကျင်များရှိသည်။
ကြက်သွန်နီလက်လီဈေးနှုန်းများအနေဖြင့် အကြီး တစ်ပိဿာ လျှင် ကျပ် ၂၃၀ဝ၊ အလတ် တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၊ အသေး တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၊ ကြက်သွန်ဖြူလက်လီ တစ်ပိဿာ ဈေးနှုန်းများမှာ(ဗမာ)တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ ၄၅၀ဝ၊ ကြူ ကုတ်တစ်ပိဿာလျှင်  ကျပ် ၅၀ဝ၀၊ ၅၅၀ဝ၊ ရှမ်းကြက်သွန်ဖြူ တစ် ပိဿာလျှင် ကျပ် ၄၅၀ဝ-၅၀ဝ၀၊ ချင်းတစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ အာလူး တစ်ပိဿာ လျှင် ကျပ် ၂၀ဝ၀၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၁၃၀ဝ၊ စားသုံး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ ၁၅၀ဝ၀၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ စားအုန်းဆီ  တစ် ပိဿာလျှင် ကျပ် ၆၅၀ဝ ဝန်းကျင်များဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရှိရသည်။    

သင်းသင်းဆွေ