Main menu

Background

‌မေလအတွင်း သိမ်ဖြူဈေးတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ/နီ လက်ကားဈေးနှုန်းများ

Mon, 06/05/2023 - 11:24 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ ဈေးကြီးအတွင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီများအား ကား၊ ရထား တို့ဖြင့်  ဘုရင့်နောင်ကုန်စည်ဒိုင်နှင့်  ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကား ပြန်လည်ရောင်းချလျက်ရှိရာ မေလပထမပတ်တွင် ကြက်သွန်နီ(ဆိပ်ဖြူ)အဝင်  ၃၉၁၅၀ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်)  ပိဿာ  ၅၅၅၀ ဝင်ရောက်ခဲ့ပြီး   ကြက် သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ  ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာ လျှင် ကျပ် ၅၅၀ဝ မှ ၇၀ဝ၀  ထိရှိခဲ့သည်။ မေလ ဒုတိယပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင်  ပိဿာ ၃၄၉၀ဝ  နှင့် ကြက်သွန်ဖြူ (ကြူကုတ်) ပိဿာ ၁၁၅၀ဝ ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ် ပိဿာလျှင် ကျပ် ၁၉၀ဝ မှ ၂၁၀ဝ ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ မှ ၇၅၀ဝ ထိဖြစ်ခဲ့သည်။ မေလ တတိယပတ်အတွင်း ကြက် သွန်နီ(ဆိပ်ဖြူ)အဝင်  ပိဿာ ၃၅၉၀ဝ  နှင့် ကြက်သွန်ဖြူ(ကြူကုတ်) ပိဿာ ၁၁၂၀ဝ  ဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေး မှာ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ မှ ၂၆၀ဝ  ထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ်  ၅၀ဝ၀  မှ ၆၅၀ဝ  ထိရှိခဲ့သည်။ မေလ စတုတ္ထပတ်အတွင်း ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ၃၅၀ဝ၀ ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၈၅၀) ပိဿာဝင် ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ) လက်ကားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ မှ ၂၂၀ဝ ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကား ဈေးမှာ တစ်ပိဿာလျှင် ကျပ်  ၆၅၀ဝ မှ ၇၂၀ဝ ထိဖြစ်ပေါ်ခဲ့ပြီး ကြက် သွန်နီဈေးနှုန်းမှာ  အနည်းငယ်  ကျဆင်းလျက်ရှိပြီး  ကြက်သွန်ဖြူ ဈေးနှုန်းမှာ  အတက်အကျဖြစ်လျက်ရှိကြောင်း  ဈေးတာဝန်ခံရုံးမှ သိရသည်။    

နှင်းနွယ် DOCA YGN