Main menu

Background

ဖြူးမြို့တွင် ရောင်းချနေသော အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းများ

Mon, 06/05/2023 - 12:55 -- journal_editor

တောင်ငူခရိုင်  ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ ယခင် တစ်ပတ်က တစ်အိတ်လျှင် ကျပ် ၁၀ဝ၀ဝ၀ ရှိရာမှ ယခုတစ် ပတ်တွင် တစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ ဧည့်မထမှာ ယခင် တစ်ပတ်က တစ်အိတ်လျှင် ကျပ် ၇၀ဝ၀ဝ မှ  ယခုတစ်ပတ် တွင် ကျပ်  ၇၂၀ဝ၀ ဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်သည်။
မြေပဲဆီမှာ ယခင်တစ်ပတ်က တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀  ရှိရာမှ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး စားအုန်း ဆီမှာ တစ်ပိဿာလျှင် ကျပ် ၆၅၀ဝ ဖြင့် ဈေးနှုန်းတည်ငြိမ်နေ သည်။ ကြက်သွန်နီမှာ  တစ်ပိဿာလျှင်   ယခင်တစ်ပတ်က အသေး ကျပ် ၂၃၀ဝ၊ အလတ် ကျပ် ၂၄၀ဝ နှင့် အကြီး ကျပ် ၂၅၀ဝ ရှိရာမှ ယခုတစ်ပတ်တွင်  အသေး  ကျပ် ၂၅၀ဝ၊ အလတ် ကျပ် ၂၇၀ဝ နှင့် အကြီး ကျပ်  ၃၀ဝ၀ ဖြင့် ဈေးနှုန်း အနည်းငယ် မြင့်တက်ခဲ့သည်။ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေးကျပ်  ၅၅၀ဝ၊ အလတ် ကျပ်  ၆၀ဝ၀ နှင့် အကြီး ကျပ် ၆၅၀ဝ၊ ငရုတ်သီးခြောက် အရှည်မှာ တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ ဖြင့် ဈေးနှုန်းတည် ငြိမ်နေပြီး အာလူးမှာ ယခင်တစ်ပတ်က တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ မှ ၂၀ဝ၀ အထိရှိရာမှ ယခုတစ်ပတ်တွင် တစ်ပိဿာ လျှင် ကျပ် ၂၅၀ဝ မှ ၂၈၀ဝ အထိဖြင့် ဈေးနှုန်းအနည်းငယ် မြင့်တက်သည်။ ကုလားပဲခြမ်းမှာ ယခင်တစ်ပတ်က တစ် ပိဿာလျှင် ကျပ်  ၅၆၀ဝ မှ  ယခုတစ်ပတ်တွင် ကျပ် ၅၀ဝ၀ ကုလားပဲလုံးမှာ ယခင်တစ်ပတ်က တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ မှ ယခုတစ်ပတ်တွင် ကျပ် ၄၅၀ဝ ဖြင့် ဈေးနှုန်းအနည်း ငယ်ကျဆင်းပြီး  မြေပဲဆန်(အဖြူ)မှာ တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ မြေပဲဆန်(အနီ)မှာ တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။    

သဲစုလွင် (တောင်ငူ)