Main menu

Background

တညင်းကုန်းဈေးကြီး၌ ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Mon, 06/05/2023 - 13:00 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ မေ၂၄  ရက်မှ ၃၀ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင် နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက် ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေ ကြောင်း သိရှိရသည်။ 
ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ) ကျပ် ၁၂၀ဝ မှ ၁၆၀ဝ အတွင်း၊ ဂေါ်ဖီထုပ် တစ်ထုပ် ကျပ် ၆၀ဝ မှ ၂၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၆၀ဝ မှ ၁၅၀ဝ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၁၉၅၀ မှ ၂၁၀ဝ အတွင်း၊ မုန်လာ ဥနီ(ပိဿာ) ကျပ် ၁၂၀ဝ မှ ၂၀ဝ၀ အတွင်း၊ ရွှေဖရုံသီး(လုံး)ကျပ် ၂၀ဝ၀ မှ ၅၀ဝ၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၁၅၀ဝ မှ ၂၀ဝ၀ အတွင်း၊ မုန်ညင်းထုပ် (ပိဿာ) ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၆၀ဝ မှ ၂၁၅၀ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၄၈၀ဝ မှ ၆၂၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၆၀ဝ၀ မှ ၆၈၀ဝ အတွင်း၊ ချင်း(ပိဿာ)  ကျပ် ၃၀ဝ၀ မှ ၆၀ဝ၀ အတွင်း၊ ဆလတ်ရွက် (စည်း) ကျပ် ၂၀ဝ မှ ၂၅၀ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၇၅ မှ ၁၀ဝ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၂၀ဝ၀ မှ ၂၂၀ဝ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၂၀ဝ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၃၅၀ဝ မှ ၅၅၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀ဝ မှ ၈၀ဝ၀ အတွင်းဖြစ်ကြောင်း သိရှိရသည်။

မြင့်မြင့်စန်း(ရန်ကုန်)