Main menu

Background

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Mon, 07/03/2023 - 12:51 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန် ၂၁ ရက်မှ  ၂၇ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊  ညောင်နှစ်ပင်ကျေးရွာ၊  ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေကြောင်း သိရှိရသည်။ 
ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး  ထိုင်ဝမ်(ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၄၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၅၀ဝ မှ ၁၃၀ဝ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၈၀ဝ မှ ၁၆၀ဝ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၅၀ဝ မှ ၂၆၀ဝ အတွင်း၊ မုန့်လာဥနီ(ပိဿာ) ကျပ် ၂၀ဝ၀ မှ ၃၅၀ဝ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၂၀ဝ၀ မှ ၅၀ဝ၀ အတွင်း၊ဘူးသီး(လုံး) ကျပ် ၅၀ဝ မှ ၁၀ဝ၀ အတွင်း၊ မုန်ညင်း(ထုပ်)(ပိဿာ)ကျပ် ၂၅၀ဝ မှ ၂၆၀ဝ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၂၂၀ဝ မှ ၂၃၀ဝ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၂၀ဝ မှ ၇၅၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၆၈၀ဝ မှ ၇၀ဝ၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၆၀ဝ၀ မှ ၆၅၀ဝ အတွင်း၊ ဆလတ်ရွက် (စည်း) ကျပ် ၂၀ဝ မှ ၃၀ဝ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၆၀ မှ ၁၀ဝ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၅၀ဝ အတွင်း၊ သံပရာသီး (လုံး)ကျပ် ၂၀ မှ ၁၀ဝ အတွင်း၊  ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၅၀ဝ မှ ၃၀ဝ၀ အတွင်း၊  ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀ဝ မှ ၆၀ဝ၀ အတွင်းဖြစ်ကြောင်း သိရှိရသည်။              

 

   မြင့်မြင့်စန်း (ရန်ကုန်)