Main menu

Background

ပြည်မြို့၏ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးနှင့် အာလူးဈေးကွက်

Mon, 07/03/2023 - 13:24 -- journal_editor

ပြည်ဈေးကွက်ရှိ   ပွဲရုံများတွင် ယခင်တစ် ပတ်က ကြက်သွန်ဖြူ(ရှမ်း) လက်ကား တစ်ပိဿာ လျှင် ကျပ် ၅၅၀ဝ၊ လက်လီ တစ်ပိဿာလျှင်  ကျပ် ၅၅၀ဝ-၆၀ဝ၀ ဈေးဖြင့်လည်းကောင်း၊   ကြူကုတ် တစ်ပိဿာလျှင် လက်ကားဈေးကျပ်၇၀ဝ၀-၇၅၀ဝ၊ လက်လီဈေး တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ-၈၀ဝ၀ ဖြင့်လည်းကောင်းဈေးရှိခဲ့သည်။ ဥညူငညန ဈေး ရောင်းချသူများအနေဖြင့် ကြူကုတ်  တစ်ပိဿာ လျှင် ကျပ် ၇၄၀ဝ-၇၆၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိရာ ယခုတစ်ပတ်တွင်လည်း ဈေးအပြောင်း အလဲမရှိ ဒေသတွင်း လက်လီဝယ်ယူသူများ၊ လက် ကား  ဝယ်ယူသူများဖြင့်  အရောင်းအဝယ်ဖြစ် ကြောင်း သိရှိရသည်။
ခရမ်းချဉ်သီးအနေဖြင့်  ယခင်လက  တစ် ပိဿာလျှင် ကျပ် ၂၈၀ဝ-၃၀ဝ၀ ဈေးဖြင့်ဈေးကွက် အတွင်း အရောင်းအဝယ်ရှိခဲ့ပြီး  ယခင်တစ်ပတ်က ကျပ် ၂၅၀ဝ-၂၈၀ဝ ဈေးရှိပြီး   ယခုတစ်ပတ်မှာ လည်း ဈေးနှုန်းအပြောင်းအလဲမရှိအရောင်းအဝယ် ဖြစ်လျက်ရှိသည်။ အာလူးသီးနှံအနေဖြင့် ပြည်ဈေးကွက်တွင် ယခင်တစ်ပတ်က လက်ကားတစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ လက်လီတစ်ပိဿာလျှင်  ကျပ် ၃၂၀ဝ ဈေး ရှိခဲ့ပြီး ယခုတစ်ပတ်တွင်  လက်ကား တစ်ပိဿာ လျှင်  ကျပ် ၃၀ဝ၀ ၊ လက်လီတစ်ပိဿာလျှင်  ကျပ် ၃၄၀ဝ ဈေးရှိပြီး ယခင်တစ်ပတ်ဈေးဖြင့်  နှိုင်းယှဉ် ကြည့်ပါက ဈေးအနည်းငယ်   တက်လာရခြင်းမှာ ပြည်ဈေးကွက်သို့ သီးနှံအဝင်နည်းနေခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ဆုမွန်ဆွေ(ပြည်)