Main menu

Background

စစ်တွေမြို့မဈေးအတွင်း အခြေခံစားကုန်ဈေးနှုန်းများ

Mon, 07/03/2023 - 14:10 -- journal_editor

၂၀၂၃ ခုနှစ် ဇွန်လ  နောက်ဆုံးပတ်အတွင်း စစ်တွေမြို့ မဈေးအတွင်း အခြေခံစားကုန်များဖြစ်သော   ပေါ်ဆန်း  ၂၄ ပြည်ပါ  တစ်အိတ်လျှင် ကျပ်  ၉၈၀ဝ၀ မှ  ၁၀ဝ၀ဝ၀  အတွင်း၊ ဧည့်မထ (သီရိဒုံ) ၂၄ ပြည်ပါ  တစ်အိတ်လျှင်  ကျပ်  ၈၄၀ဝ၀ မှ ၈၆၀ဝ၀ အတွင်း၊ ငစိန်  ၂၄ ပြည်ပါ    တစ်အိတ်လျှင် ကျပ်  ၇၀ဝ၀ဝ မှ ၇၂၀ဝ၀  အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)  ၁၀ ပိဿာ  တစ်အိတ်လျှင် ကျပ်  ၇၈၀ဝ၀ မှ ၈၀ဝ၀ဝ   အတွင်း၊ ကြက်သွန်နီ၁၀ပိဿာ တစ်အိတ်လျှင်ကျပ်၂၃၀ဝ၀မှ ၂၄၀ဝ၀ အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်  ၇၅၀ဝ မှ ၇၈၀ဝ  အတွင်း၊  ငရုတ်သီးခြောက်(အိန္ဒိယ) တစ်ပိဿာလျှင် ကျပ် ၁၅၅၀ဝ မှ ၁၆၀ဝ၀  အတွင်း၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်  ၂၀ဝ၀ မှ ၂၃၀ဝ အတွင်း၊  ခရမ်းသီး  တစ်ပိဿာလျှင် ကျပ်  ၃၈၀ဝ မှ ၄၀ဝ၀  အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာ လျှင် ကျပ်  ၄၅၀ဝ မှ ၄၈၀ဝ အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၂၂၀ဝမှ ၂၅၀ဝအတွင်း၊အာလူး(အောင်ပန်း) တစ်ပိဿာ လျှင် ကျပ်  ၃၅၀ဝ မှ ၃၈၀ဝ အတွင်း၊ ကုလားပဲ တစ်ပိဿာလျှင် ကျပ် ၅၈၀ဝ မှ ၆၀ဝ၀  အတွင်း၊ ချဉ်ပေါင် တစ်စည်းလျှင် ကျပ်  ၂၀ဝမှ ၂၅၀အတွင်း၊  ကန်စွန်းရွက်တစ်စည်းလျှင်  ကျပ်  ၂၅၀ မှ ၃၀ဝ  အတွင်း၊  စားအုန်းဆီ  တစ်ပိဿာလျှင်  ကျပ်  ၇၄၀ဝ မှ ၇၆၀ဝ  အတွင်း၊  ဝက်သား တစ်ပိဿာလျှင် ကျပ်  ၂၂၀ဝ၀ မှ၂၄၀ဝ၀ အတွင်း၊ အမဲသား တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ၀မှ ၂၆၀ဝ၀ အတွင်း အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး မေလ အတွင်း အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သော   ဈေးနှုန်းထက် ဇွန်လအတွင်း အခြေခံစားကုန်များ  မြင့်တက်လာရခြင်းမှာ မေလတွင် တိုက်ခိုက်ခဲ့သော မိုခါမုန်တိုင်းကြောင့် သီးနှံစိုက် ခင်းများ ပျက်စီးဆုံးရှုံးမှုများရှိခဲ့၍ ဟင်းသီးဟင်းရွက်ဈေးနှုန်း များ မြင့်တက်လာရခြင်းဖြစ်ကြောင်း  ဈေးဆိုင်/ ပွဲရုံများထံမှ  သိရသည်။

(စားသူရေးရာဦးစီးဌာန၊ သတင်းနည်းပညာဌာနခွဲ)