Main menu

Background

တညင်းကုန်း လက်ကားဈေးကြီး၌ ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်း အခြေအနေ

Mon, 08/14/2023 - 10:25 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်း လက်ကားဈေးကြီး၌ သြဂုတ် ၂ရက်မှ ၈ ရက်အတွင်း  ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊    ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည် တော်၊  တပ်ကုန်း၊ ရွှေဒါး၊   မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊  မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ  ဟင်းသီး ဟင်းရွက်နှင့်   သစ်သီးဝလံပန်းမန်များ အများဆုံး   ဝင်ရောက်ရောင်းချနေ ကြောင်း  သိရှိရသည်။
ထိုသို့ဝင်ရောက်ရာတွင်       ယခု ရက်သတ္တပတ်အတွင်း   ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၈၀ဝ မှ ၂၀ဝ၀ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်)ကျပ် ၃၀ဝ မှ ၁၅၀ဝ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၅၀ဝ မှ ၁၅၀ဝ အတွင်း၊ အာလူး (ပိဿာ) ကျပ် ၂၇၀ဝ မှ ၂၈၀ဝ အတွင်း၊  မုန်လာဥနီ(ပိဿာ) ကျပ် ၂၈၀ဝ မှ ၃၆၀ဝ အတွင်း ရွှေဖရုံ သီး (လုံး)ကျပ် ၇၀ဝ မှ ၂၀ဝ၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၁၀ဝ၀ မှ ၁၄၀ဝ အတွင်း၊  မုန်ညှင်း (ထုပ်)(ပိဿာ)ကျပ် ၂၂၀ဝ မှ ၂၅၀ဝ အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ)ကျပ် ၁၈၀ဝ မှ ၂၃၀ဝ အတွင်း၊ ကြက်သွန်ဖြူ (ရှမ်း)     (ပိဿာ)  ကျပ် ၇၀ဝ၀ မှ ၉၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ  (ကြူကုတ်) (ပိဿာ) ကျပ် ၇၀ဝ၀ မှ ၇၂၀ဝ အတွင်း၊   ချင်း(ပိဿာ)ကျပ် ၃၅၀ဝ မှ ၅၀ဝ၀ အတွင်း၊  ဆလတ်ရွက် (စည်း) ကျပ် ၂၀ဝ မှ ၃၀ဝ အတွင်း၊ ချဉ်ပေါင်ရွက်  (စည်း) ကျပ် ၆၀ မှ ၁၂၀အတွင်း၊ ခရမ်း သီး (ရှည်) (ပိဿာ)ကျပ်   ၁၂၀ဝ မှ ၂၂၀ဝ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀ မှ ၆၀ အတွင်း၊      ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၆၀ဝ မှ ၂၄၀ဝအတွင်း၊ဖရဲသီး(အကြီး၊ အလတ်၊  အသေး)ကျပ် ၁၅၀ဝ မှ ၆၀ဝ၀ အတွင်း ဖြစ်ကြောင်း  သိရှိရပါတယ်။ တညင်း ကုန်း   လက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပုရာသီး အလုံးပေါင်း ၃၁၂၁၀ဝ ကျော်၊ ခရမ်း သီး(ရှည်)    (ပိဿာ) ၁၁၃၈၀ ကျော်၊ ဘူးသီး   အလုံးပေါင်း  ၁၄၁၀ ကျော်၊ ရွှေဖရုံသီး  အလုံးပေါင်း ၁၁၁၅ ကျော်၊ ဂေါ်ဖီထုပ်ပေါင်း  ၄၅၈၀ဝ ကျော်၊ ပန်း ဂေါ်ဖီထုပ်ပေါင်း  ၃၆၅၀ဝ ကျော်၊ မုန် ညှင်းထုပ်(ပိဿာ)ပေါင်း  ၆၈၈၅ ကျော်၊ ဖရဲသီးလုံးပေါင်း  ၁၆၈၀ဝကျော်  အသီး သီးကုန်အဝင်ရှိသည်။    

  မြင့်မြင့်စန်း(ရန်ကုန်)