Main menu

Background

မက္ကဒေးမီးယား(ခေါ်)ချောကလက်သီး

Mon, 08/14/2023 - 10:29 -- journal_editor

မက္ကဒေးမီးယားအပင်သည် သြစတြေးလျနိုင်ငံမှ စတင် ပေါက်လာခြင်းဖြစ်သည်။ မက္ကဒေးမီးယားကို စိုက်ပျိုးရန် နည်းလမ်းနှစ်မျိုးသာရှိကြောင်း သိရပြီး အစေ့မှ ရိုးရိုးစိုက်ပျိုး ခြင်းနှင့် ကိုင်းဆက်စိုက်ပျိုးခြင်းဟူ၍ရှိသည်။ အစေ့မှ စိုက်ပျိုး မည်ဆိုလျှင် အစေ့အဆန်ရဖို့  ခုနစ်နှစ်ခန့်  အနည်းဆုံးကြာနိုင် သည်။ ကိုင်းကူး ကိုင်းဆက်နည်းက နှစ်နှစ်လျှင် အသီး သီးနိုင် ပါသည်။ 
မက္ကဒေးမီးယားအပင်များသည် ကိုင်းကူး ကိုင်းဆက် လုပ်လျှင် အပင်ဖြစ်ထွန်းမှုနည်းကြောင်း လေ့လာသိရှိသည်။ ပရိုတိန်း အသားဓာတ်များ ပြွေါကယ်ဝပြီး သတ္တုဓာတ်များ ပါဝင်ပါသည်။ ကိုယ်လက်စထရောများကို လျှော့ချပေးခြင်း ကြောင့် နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများကို ကာ ကွယ်ပေးခြင်းနှင့် ကျန်းမာရေးအတွက်လိုအပ်သည့် ဗီတာမင် ဓာတ်များစွာပါဝင်သည်။ 
ကိုယ်ဝန်ဆောင်မိခင်များအတွက် အိုမီဂါ(၃) ပါဝင် သောကြောင့်    ရင်သွေးငယ်များ၏     ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေကြောင်း  သိရသည်။  ကျန်းမာရေး အတွက် အကျိုးပြုသည့် အာဟာရဓာတ်များစွာပါဝင်ပြီး အရသာလည်း ကောင်းမွန်သောကြောင့် ဝယ်လိုအားမြင့်မား လျက်ရှိသည်။ 
မက္ကဒေး မီးယားအစေ့အဆန်  ဈေးကြီးမြင့်ရခြင်းမှာ ရောင်းလိုအား အလွန်နည်းပါးပြီး လုံလောက်သော ဝယ်လို အားကို မပံ့ပိုးနိုင်သောကြောင့်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ထွက်ရှိသော အစေ့အဆန်များ၏ ၁ ရာခိုင်နှုန်းကသာ မက္က ဒေးမီးယားဖြစ်သည်။  မက္ကဒေးမီးယားက မြန်မာနိုင်ငံ၏ ရေခံမြေခံမှာ ကောင်းမွန်စွာ ရှင်သန်ပေါက်ရောက်နိုင်သည်။ စစ်ကိုင်း၊ မန္တလေး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည် နယ်၊ ကရင်ပြည်နယ်တို့မှာ တိုးချဲ့ စိုက်ပျိုးလာကြကြောင်း သိရသည်။ 
အော်ဂဲနစ် အစေ့အဆန်နှင့် သစ်သီးခြောက်များကို စားသုံးကြသော စားသုံးသူများ၏ဈေးကွက်တွင် မက္ကဒေးမီး ယား အစေ့လှော် ၂၅၀ ဂရမ်ပါ  တစ်ထုပ်လျှင် ကျပ် ၆၀ဝ၀ နှင့် မက္ကဒေးမီးယားအသီး  တစ်ကီလိုလျှင်  ကျပ် ၇၅၀ဝ ဈေး ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ 

အေးမြတ်သီတာ(ပြည်)