Main menu

Background

ရွှေဘိုမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Mon, 08/14/2023 - 11:12 -- journal_editor

     သြဂုတ်လ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အ ခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ၅၅၀ဝ ကျပ်၊ ဧရာမင်းဆန် တစ်ပြည်ကျပ်  ၅၅၀ဝဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက် သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ကျပ် ၂၀ဝ၀၊ (လတ်) တစ်ပိဿာကျပ် ၁၈၀ဝ၊ (သေး)တစ်ပိဿာ ကျပ် ၁၅၀ဝနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀မှ ၉၀ဝ၀ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၇၀ဝ၀မှ ၈၀ဝ၀ထိ၊ (ကြူကုပ်) တစ်ပိဿာကျပ်  ၇၀ဝ၀မှ ၈၀ဝ၀ထိ၊ ချင်းတစ်ပိဿာ ကျပ် ၆၀ဝ၀၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ကျပ် ၁၇၀ဝ၀ မှ ၁၈၀ဝ၀ ထိ အာလူး တစ်ပိဿာ ကျပ် ၂၈၀ဝမှ ၃၆၀ဝထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၀ဝ၀ဖြင့် အရောင်းအဝယ် ဖြစ်နေသည်။
    ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးကျပ်  ၃၀ဝ၊ (သေး) တစ်လုံး ကျပ် ၂၅၀၊ ဘဲဥ(ကြီး) တစ်လုံး  ကျပ် ၃၅၀၊ (သေး)တစ်လုံး  ကျပ် ၃၀ဝရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက် သား(ဃဏ)  တစ်ပိဿာ ကျပ် ၁၀ဝ၀ဝမှ ၁၂၀ဝ၀ ထိ၊ ကြက်သား (ဗမာ)တစ်ပိဿာ ကျပ် ၁၃၀ဝ၀ မှ ၁၅၀ဝ၀ ထိ၊  ဝက်သား တစ်ပိဿာ ကျပ် ၂၀ဝ၀ဝမှ ၂၂၀ဝ၀ထိ၊ အမဲသားတစ်ပိဿာ ကျပ် ၁၄၀ဝ၀ မှ ၁၆၀ဝ၀ ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၇၅၀ဝ၊ ငါးကြင်း တစ်ပိဿာကျပ်  ၇၀ဝ၀ဖြင့် ရောင်းဝယ်နေ ကြောင်း သိရသည်။ စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင်  ကျပ် ၁၅၀ဝ၀ ၊  စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၉၂၀ဝနှင့် နှမ်းဆီ တစ်ပိ ဿာ လျှင် ကျပ် ၁၅၀ဝ၀ဖြင့် အရောင်းအဝယ် ဖြစ်နေ ကြောင်း သိရသည်။                                                    

  အေးသိင်္ဂီစိုး (ရွှေဘို)