Main menu

Background

ကော့ကရိတ်တွင် တစ်ပတ်အတွင်း ဖြစ်ပေါ်နေသော အခြေခံစားကုန်များ၏ ဈေးနှုန်းများ

Mon, 08/14/2023 - 12:00 -- journal_editor

သြဂုတ်လ ဒုတိယပတ်အတွင်း ကော့ကရိတ်မြို့နယ်၌  အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၅၅၀ဝ၊ ဖျာပုံပေါ်ဆန်းဆန် တစ်ပြည်  ကျပ် ၄၈၀ဝ၊ သထုံ ပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၃၆၀ဝ ၊ဧည့်မထဆန်(မနောသုခ)တစ်ပြည်  ကျပ် ၂၉၀ဝ၊ ဧည့်မထဆန်(ဧရာမင်း) တစ်ပြည် ကျပ် ၃၃၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်သွန်နီ (ကြီး)လက်လီဈေးမှာ တစ်ပိဿာ ကျပ် ၂၈၀ဝ၊ ကြက်သွန်နီ (လတ်)တစ်ပိဿာ ကျပ် ၅၀ဝ၊ ကြက်သွန်နီ(သေး) တစ်ပိဿာ ကျပ် ၂၀ဝ၀၊ ကြက်သွန်ဖြူ(ဗမာ)  တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၈၀ဝ၀၊ ချင်း တစ် ပိဿာ ကျပ် ၇၀ဝ၀ ၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၁၆၀ဝ၀  မှ ၁၉၀ဝ၀ ထိ၊ အာလူးတစ်ပိဿာ ကျပ် ၂၈၀ဝ မှ ၃၅၀ဝ ထိ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၇၀ဝ၀၊ ပဲနီလေး တစ်ပိဿာ ကျပ် ၇၀ဝ၀၊ ခရမ်းချဉ်သီး တစ် ပိဿာ ကျပ် ၂၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ 
ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံးလျှင် ကျပ် ၃၀ဝ၊ (သေး) တစ်လုံးလျှင် ကျပ် ၂၅၀၊ ဘဲဥ(ကြီး)တစ်လုံး ကျပ် ၃၅၀၊ (သေး) တစ်လုံး ကျပ် ၃၀ဝ ရှိသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (ဃဏ)   တစ်ပိဿာ ကျပ်  ၁၂၀ဝ၀၊ ကြက်သား(ဗမာ)တစ်ပိဿာ ကျပ် ၁၈၀ဝ၀၊ ကြက်သား(ဥတုံး) တစ်ပိဿာ ကျပ် ၁၃၀ဝ၀ ၊ ဝက်သား တစ်ပိဿာ ကျပ်၂၀ဝ၀ဝ၊ ဆိတ်သား တစ်ပိဿာ  ကျပ် ၃၀ဝ၀ဝ၊ ငါးမြစ်ချင်း တစ်ပိဿာ ကျပ် ၆၀ဝ၀၊ ချောင်းငါးကြင်း  တစ်ပိဿာ ကျပ် ၂၀ဝ၀ဝ မှ ၂၅၀ဝ၀ ကျပ်ထိ၊ ငါးတန်  တစ်ပိဿာ   ကျပ် ၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားသုံးဆီဈေးနှုန်းများမှာ   ပဲဆီသန့် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၇၅၀ဝတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

 ဇာခြည်အောင်၊ (ကရင်/ပြည်တွင်း)