Main menu

Background

ဈေးကောင်းရနေတဲ့ပန်းမုန်လာ

Mon, 08/14/2023 - 12:21 -- journal_editor

ပန်းမုန်လာ(ခေါ်) ပန်းဂေါ်ဖီမှာ အေးပြီး စိုစွတ်သည့်ဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသောကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ မြို့နယ်အတော်များများတွင် စိုက်ပျိုးကြသည်။ ပန်းမုန်လာကို မျိုးစေ့ဖြင့် ပျိုးဘောင်များတွင် ကြဲပက် စိုက်ပျိုးပြီး ပျိုးသက်တစ်လခန့်အကြာတွင် ပျိုးပင်များကို ပြန်ခွဲ၍ ‌ပြောင်းရွှေ့ပြီး ဧကအလိုက် ပြန်လည်ပျိုးထောင် စိုက် ပျိုးကြသည်။ 
အပင်စတင်စိုက်ပျိုးပြီးလျှင် သုံးကြိမ် မြေသြဇာကျွေးပေးရသည်။ မြေသြဇာကျွေးရာတွင်လည်း ပြောင်းရွှေ့စိုက် ပျိုးပြီး ၇-၁၀ ရက်ခန့်တွင် ပထမအကြိမ်၊ ပထမအကြိမ် မြေသြဇာကျွေးပြီး ၁၀ ရက်ခန့်အကြာတွင် ဒုတိယအကြိမ်၊ ရွှေ့ စိုက်ပြီး တစ်လခန့်အကြာတွင် တတိယအကြိမ်ဖြင့် သုံးကြိမ်ခန့် မြေသြဇာ ကျွေးပေးရသည်။ အပွင့်များကောင်းစွာပွင့် ချိန်တွင်လည်း နေရောင်ခြည်နှင်တိုက်ရိုက်ထိတွေ့ပါက ပန်းပွင့်အရောင်ပြောင်းလဲသွားတတ်ပြီး စားသုံးရာတွင်လည်း အသားကြမ်း၍ အရသာခါးသက်လာနိုင်သဖြင့် အပွင့်၏အရွယ် ၂-၃ လက်မအရွယ်ရောက်လျှင် အပြင်အရွက်များကို စည်းထားပေးရသည်။ 
စတင်စိုက်ပျိုးပြီး ပိုးမွှားကျရောက်မှုအခြေအနေပေါ်မူပြီး ပိုးသတ်ဆေးအနည်းငယ် ဖျန်းပေးရသည်။ ပန်းပွင့် စတင်ပွင့်လာပြီး ရက်ပေါင်း ၉၀ ကြာလျှင် ခူးဆွတ်နိုင်ပြီဖြစ်သည်။ ယခုလက်ရှိ ပန်းမုန်လာပေါက်ဈေးမှာ တစ်ပွင့်လျှင် အပွင့် အကြီး၊ အသေးပေါ်မူတည်၍ ကျပ် ၈၀ဝ မှ ကျပ် ၂၀ဝ၀ ထိ ဈေးရှိကြောင်း သိရှိရသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)မှထွက်သော ပန်းမုန်လာများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများအပြင် မြေပြန့်ဒေသအတော်များများ သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။                                                                                  

SYH (Tgi)