Main menu

Background

မော်လမြိုင်အမှတ်(၁) ဈေးကြီးတွင်ရောင်းချနေသော ငါးခြောက်ဈေးနှုန်းအခြေအနေ

Thu, 08/31/2023 - 10:11 -- journal_editor

မွန်ပြည်နယ် မော်လမြိုင်မြို့ အမှတ်(၁)ဈေးကြီး၌ သြဂုတ်လအတွင်း ရောင်းချလျက်ရှိသော ငါးခြောက်အမယ်များမှာငါးနှပ်ခြောက်(အာပြဲခြောက်)၊ ငါးပုပ်ခြောက်၊ ငါးနီတူခြောက်၊ငါးလိပ်ကျောက်ခြောက်၊ ငါးရွှေခြောက်၊ ငါးအူမြင်းခြောက်၊ ငါးကွင်းဆက်ခြောက်၊ ငါးတံခွန်ခြောက်(အကောင်သေး)၊ ငါးတံခွန်ခြောက်ခွဲခြမ်း၊ ငါးဖောင်ရိုးခြောက်၊ ငါးစာပြက်၊ ငါးစင်ရိုင်းခြောက်၊ပုစွန်ခြောက်(အကြီး)၊ ပုစွန်ခြောက်(အလတ်)၊ ပုစွန်ခြောက်(အသေး)၊ ပုစွန်ခြောက်အခွံပါအမှုန့်ခြောက်တို့ဖြစ်သည်။၎င်းငါးခြောက်အမယ်စုံ၏ ဈေးနှုန်းများမှာ ငါးနှပ်ခြောက်(အာပြဲခြောက်)(အကြီး)တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ဝ၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အလတ်) တစ်ပိဿာလျှင် ကျပ်၃၂၀ဝ၀ဝ၊ ငါးနှပ်ခြောက်(အာပြဲခြောက်)(အသေး) တစ်ပိဿာလျှင် ကျပ် ၂၃၀ဝ၀ဝ၊ ငါးပုပ်ခြောက် တစ်ပိဿာလျှင် ကျပ်၂၅၀ဝ၀၊ ငါးနီတူခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀၊ ငါးလိပ်ကျောက်ခြောက် တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ၀၊ ငါးရွှေခြောက် တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ ငါးအူမြင်းခြောက်တစ်ပိဿာလျှင် ကျပ်၂၀ဝ၀ဝ၊ ငါးကွင်းဆက်ခြောက်(အကြီး)တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ဝ၊ ငါးကွင်းဆက်ခြောက်(အလတ်)တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၀၊ ငါးကွင်းဆက်ခြောက် (အသေး)တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ဝ၊ ငါးတံခွန်ခြောက်(အကောင်သေး)တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀ မှ ၁၃၀ဝ၀ အတွင်း၊ ငါးတံခွန်ခြောက်ခွဲခြမ်း တစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀၊ ငါးဖောင်ရိုးခြောက် တစ်ပိဿာလျင် ကျပ် ၁၈၀ဝ၀၊ ငါးစာပြက် တစ်ပိဿာ
လျှင် ကျပ်၂၀ဝ၀ဝ၊ ငါးစင်ရိုင်းခြောက် တစ်ပိဿာလျှင် ကျပ်၂၂၀ဝ၀၊ ပုစွန်ခြောက်(အကြီး) တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ဝ၊ပုစွန်ခြောက် (အလတ်) တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ဝ၊ ပုစွန်ခြောက်(အသေး)တစ်ပိဿာလျှင် ကျပ် ၅၂၀ဝ၀၊ ပုစွန်ခြောက်အခွံပါ အမှုန့်ခြောက် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ တို့ဖြစ်သည်။ အဆိုပါ ငါးခြောက်ဈေးနှုန်းများမှာ အပတ်စဉ်လိုက်အနည်းငယ် အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

 

ခင်ကြည် (မွန်ပြည်နယ်)