Main menu

Background

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Thu, 08/31/2023 - 10:26 -- journal_editor

အင်းစိန်မြို့နယ်ရှိ  တညင်းကုန်း လက်ကားဈေးကြီး၌ သြဂုတ်  ၁၆  ရက်မှ ၂၂ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊  ညောင်နှစ်ပင်ကျေးရွာ၊  ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေ ကြောင်း သိရှိရသည်။ 
ထိုသို့ဝင်ရောက်ရာတွင်   ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၀ဝ၀ မှ ၂၄၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၃၀ဝ မှ ၁၆၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်)ကျပ် ၃၀ဝ မှ ၁၈၀ဝ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၂၀ဝ မှ ၂၇၀ဝ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၃၈၀ဝ မှ ၅၀ဝ၀ အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၁၀ဝ၀ မှ ၃၀ဝ၀ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၈၀ဝ မှ ၁၅၀ဝ အတွင်း၊ မုန်ညင်း(ထုပ်) (ပိဿာ)ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ် ၁၈၀ဝ မှ ၂၈၀ဝ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၇၀ဝ၀ မှ ၉၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၇၀ဝ၀ မှ ၈၁၀ဝ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၄၅၀ဝ မှ ၅၀ဝ၀ အတွင်း၊ ဆလတ်ရွက်(စည်း) ကျပ် ၂၀ဝ မှ ၃၀ဝ အတွင်း၊ ချဉ်ပေါင်ရွက်(စည်း) ကျပ် ၇၅ မှ ၁၂၅ အတွင်း၊ ခရမ်းသီး(ရှည်) (ပိဿာ)ကျပ် ၁၀ဝ၀ မှ ၂၀ဝ၀ အတွင်း၊ သံပရာသီး (လုံး)ကျပ်  ၃၀ မှ ၁၀ဝ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း)  (ပိဿာ)ကျပ် ၁၄၀ဝ မှ ၁၈၀ဝ အတွင်း၊  ဖရဲသီး  (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၂၀ဝ မှ ၆၀ဝ၀ အတွင်းဖြစ်ကြောင်း သိရှိရသည်။ 
တညင်းကုန်း လက်ကားဈေးကြီးအတွင်းသို့ ယခုရက် သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း ၃၅၇၅၀ဝ ကျော်၊ ခရမ်းသီး(ရှည်) ပိဿာ   ၁၁၄၃၀ ကျော်၊ ဘူးသီးအလုံးပေါင်း  ၇၂၅ ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း ၂၃၂၀ ကျော်၊ ဂေါ်ဖီထုပ် ပေါင်း  ၄၇၀ဝ၀ ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း ၃၈၀ဝ၀ ကျော်၊ မုန်ညှင်းထုပ်(ပိဿာ)ပေါင်း  ၉၄၄၅ ကျော်၊ ဖရဲသီးလုံးပေါင်း  ၂၇၆၀ဝ ကျော် အသီးသီးကုန်အဝင်ရှိကြောင်း သိရသည်။
  

 မြင့်မြင့်စန်း (ရန်ကုန်)