Main menu

Background

ကသာမြို့တွင် စက်တင်ဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံ စားသောက်ကုန်ဈေးနှုန်းများ

Tue, 09/26/2023 - 12:27 -- journal_editor

ကသာမြို့နယ်အတွင်း စက်တင်ဘာလ တတိယအပတ် အတွင်း  ဈေးကွက်အသီးသီး၌  ရောင်းချလျက်ရှိသော ဆန် ဈေးနှုန်းများမှာရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ကျပ်၁၄၃၀ဝ၀၊ ဧရာမင်း ဆန်တစ်အိတ်  ကျပ် ၁၂၀ဝ၀ဝ၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင်  ကျပ်  ၉၀ဝ၀ဝ  ဖြင့်    ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ  တစ်ပိဿာ  ကျပ် ၁၅၀ဝ၀ ၊ နှမ်းဆီ တစ်ပိဿာ  ကျပ် ၁၅၀ဝ၀ နှင့် စားအုန်းဆီ တစ်ပိဿာ ကျပ် ၁၂၀ဝ၀ ရှိကြောင်း သိရသည်။ 
စက်တင်ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ် ကြည့်ပါက   စားသုံးဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ကျပ် ၁၃၀ဝ၀ ခန့်၊ ဧရာ မင်း ကျပ် ၁၀ဝ၀ဝခန့် နှင့် ဧည့်မထ(ဆင်း-၃)မှာ ကျပ် ၅၀ဝ၀ ခန့် မြှင့်တက်လာသည်ကို သိရှိရသည်။
စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး (အသေး/အကြီး) ပေါ် မူတည်၍ တစ်ပိဿာ  ၃၇၀ဝမှ ၄၂၀ဝကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ  ၁၂၀ဝ၀  ကျပ်၊ အာလူးတစ်ပိဿာ (၃၅၀ဝ)ကျပ်၊ ခရမ်းချဉ်သီး တစ် ပိဿာ အလုံး အသေး/အကြီးပေါ် မူတည်၍ ကျပ် ၃၅၀ဝ မှ ၃၈၀ဝ ၊ ချင်းတစ်ပိဿာ ကျပ် ၁၀ဝ၀ဝ ၊ ကုလားပဲ တစ်ပိဿာ ကျပ် ၆၈၀ဝ၊ ပဲနီလေး တစ်ပိဿာ ကျပ် ၈၀ဝ၀ ၊ ငရုတ်သီး ခြောက်(ပု) တစ်ပိဿာ ကျပ် ၂၅၀ဝ၀၊ ငရုတ်(စို) တစ်ပိဿာ  ကျပ် ၅၀ဝ၀  ဖြင့် ရောင်းချလျက်ရှိသည်။ 
အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(ဃဏ) တစ် ပိဿာ ကျပ် ၁၀ဝ၀ဝ မှ ၁၁၀ဝ၀၊ ဝက်သား တစ်ပိဿာ ကျပ် ၂၂၀ဝ၀၊ အမဲသား တစ်ပိဿာကျပ် ၁၆၀ဝ၀ ၊ ဆိတ်သား တစ် ပိဿာ ကျပ် ၂၄၀ဝ၀ နှင့် ငါးကြင်း တစ်ပိဿာ ကျပ် ၉၀ဝ၀၊ ကြက်ဥတစ်လုံး အလုံး(အသေး/အကြီး)ပေါ် မူတည်၍၂၆၀/ ကျပ် ၂၈၀/၃၀ဝ နှင့် ဘဲဥတစ်လုံး ကျပ် ၃၅၀ ဖြင့် ရောင်းချ လျက်ရှိသည်။ 
အခြေခံ    စားသောက်ကုန်ဈေးနှုန်းများမှာ စက်တင် ဘာလ ဒုတိယပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်ပါက ကြက် သွန်နီဈေးနှုန်းမှာ ကျပ် ၃၀ဝ ခန့် ကျဆင်းပြီး ကြက်သွန်ဖြူနှင့် ဂျင်းဈေးနှုန်းမှာ ကျပ်  ၂၀ဝ၀ ခန့်   မြင့်တက်လာကာ အသား/ ငါးဈေးနှုန်းနှင့် ကျန် အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရသည်။ 

အေးမွန်သန့်(ကသာ)