Main menu

Background

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Tue, 10/24/2023 - 11:02 -- journal_editor

၂၀၂၃ခုနှစ် အောက်တိုဘာလ တတိယပတ် အတွင်း နေပြည်တော်    ကောင်စီနယ်မြေတွင် အခြေခံ   စားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည်   ကျပ် ၆၅၀ဝ၊ ဧည့်မထတစ်ပြည် ကျပ် ၃၅၀ဝ၊ မနောသုခ တစ်ပြည်  ကျပ် ၃၄၀ဝ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ   ကျပ် ၃၆၀ဝ၊ (လတ်)တစ်ပိဿာ ကျပ် ၃၃၀ဝ၊ (သေး)တစ်ပိဿာ ကျပ် ၃၀ဝ၀ နှုန်းဖြင့်   အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ကျပ် ၈၅၀ဝ မှ ၈၈၀ဝ ထိ၊ (ရှမ်း)တစ် ပိဿာ ကျပ် ၉၀ဝ၀ မှ ၁၁၀ဝ၀ ထိ၊ ငရုတ်သီးခြောက် လက်လီဈေးမှာ(အရှည်)တစ်ပိဿာ ကျပ် ၁၆၀ဝ၀ မှ ၁၈၀ဝ၀ ထိ၊ (အပု)တစ်ပိဿာ ကျပ် ၂၄၀ဝ၀ မှ ၃၀ဝ၀ဝ ထိ၊ အာလူး လက်လီဈေးမှာ ကျပ် ၂၀ဝ၀ မှ ၂၅၀ဝ ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၁၈၀ဝ မှ ၂၀ဝ၀ ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်ဥ လက်လီဈေးမှာ  တစ်လုံး ကျပ် ၂၄၀ မှ ၂၆၀ထိဖြစ်သည်။ နေပြည်တော်ကောင်စီ နယ် မြေ၏ အသား/ငါး ဈေးနှုန်းများမှာ   ကြက်သား (cp)တစ်ပိဿာ ကျပ် ၇၂၀ဝ မှ ၁၂၀ဝ၀ ထိ၊ ကြက် သား (ဗမာ) တစ်ပိဿာ ကျပ် ၁၆၀ဝ၀ မှ ၂၀ဝ၀ဝ ထိ၊ ဝက်သား တစ်ပိဿာ ကျပ် ၁၄၀ဝ၀ မှ ၁၆၀ဝ၀ ထိ၊ အမဲသား တစ်ပိဿာ ကျပ် ၁၂၀ဝ၀ မှ ၁၄၀ဝ၀ ထိ၊ ငါးမြစ်ချင်း   တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ မှ ၁၂၀ဝ၀ ထိ၊ ငါးကြင်း တစ်ပိဿာ ကျပ် ၁၃၅၀ဝ မှ ၁၅၀ဝ၀ ထိ ရောင်းဝယ်နေကြောင်း သိရသည်။
စားသုံးဆီ ဈေးနှုန်းများမှာ  ပဲဆီတစ်ပိဿာ လျှင် ကျပ် ၁၅၀ဝ၀၊ စားအုန်းဆီ  တစ်ပိဿာလျှင် ကျပ် ၅၂၀ဝ နှင့် နှမ်းဆီ တစ်ပိဿာလျှင်   ကျပ် ၁၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရ သည်။                    

 

ထွန်းမင်းသန့်(နေပြည်တော်)