Main menu

Background

ဈေးကွက်အတွင်း ဖြန့်ချိတော့မည့် စိုက်ပျိုးရေးဆေးနှင့် သဘာဝမြေသြဇာ

Tue, 11/07/2023 - 13:25 -- journal_editor

မအူပင်ခရိုင်သည် ကျေးလက်နေလူတန်းစားများပြားပြီး စိုက်ပျိုးရေးလုပ် ကိုင်သူများသည် စပါး၊ ပဲ၊ နေကြာ ၊ဟင်းသီးဟင်းရွက်နှင့် တစ်ပိုင်တစ်နိုင် စိုက် ပျိုးထုတ်လုပ်သည့်လုပ်ငန်းများ  လုပ်ကိုင်သူများစွာရှိသော ခရိုင်တစ်ခုဖြစ် သည်။
စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသော တောင်သူများသည် စိုက်ပျိုးရေး အသိပညာ၊ နည်းပညာများ စုံလင်စွာသိရှိပြီး စိုက်ပျိုးထုတ်လုပ်နိုင်ပါက အရည် အသွေးမြှင့် စိုက်ပျိုးသီးနှံများ ရရှိနိုင်မည်ဖြစ်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလပထမပတ်တွင် မအူပင်မြို့နယ် သာသနာ့ ဗိမာန်တွင် မအူပင်ခရိုင်အတွင်းမှ  တောင်သူများ၊   စိုက်ပျိုးထုတ်လုပ်သူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးကို အခြေခံသော ကုမ္ပဏီ များနှင့်စိတ်ဝင်စားသူများသည် ပိုပိုစွမ်းဆေးကုမ္ပဏီ၏ သဘာဝမြေသြဇာထုတ် လုပ်ခြင်းလုပ်ငန်းစဉ် အသိပညာပေးဟောပြောပွဲနှင့်သဘာဝမြေသြဇာ အသုံး ပြုနိုင်ခြင်း၏ကောင်းကျိုးများ မိတ်ဆက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
သဘာဝမြေသြဇာကုမ္ပဏီသည်    မအူပင်မြို့နယ် မလက်တို ကျေးရွာ အုပ်စု၊ လှိုင်းတာလမ်းခွဲ (၆မိုင် ၊ ၃ဖာလုံ)တွင် တည်ရှိပြီး မြေတစ်ဧက အကျယ် အဝန်းရှိ ဧရိယာအတွင်း လုပ်သားအင်အား  ၁၅ ဦးဖြင့် ၂၀၂၀ ပြည့်နှစ်တွင် စမ်းသပ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဈေးကွက်အတွင်း ဖြန့်ချိနိုင်ရန် စတင်ဆောင်ရွက်ခဲ့သည်။
ထပ်မံ ထုတ်လုပ်မည့်ထုတ်ကုန်များမှာ (၁)မြေဆီလွှာ အားတိုးဆေး၊(၂) အကျိုးပြုပိုးရည်ပြင်း၊ (၃)ပင်မအကျိုးပြုပိုးရည်၊ (၄) ငါးအမိုင်နိုအက်စစ်၊ (၅) ရှယ်ပွင့်ဆေးရည်၊ (၆) သီးပွားဆေးရည်၊(၇) နြ-၅ (၈) ပွင့်သီးဆေးရည်တို့ဖြစ် သည်။ 
ကုမ္ပဏီအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စိုက်ပျိုးရေးဦးစီး ဌာန၏ ခွင့်ပြုချက်ဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာများကို စိုက်ပျိုးရေး တောင်သူ ဦးကြီးများနှင့် နှီးနှောဖလှယ်သည့် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပ ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းလိုအပ်ချက်အနေဖြင့်   ကိုယ်ပိုင်ဓာတ်ခွဲခန်းဖြင့် အဖြေထုတ် နိုင်ရန် လိုအပ်မှုအပေါ် တိုးချဲ့ဆောင်ရွက်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများ၊  စိုက်ပျိုး ရေးပညာရှင်များကို သက်ဆိုင်ရာကဏ္ဍအလိုက်   ပူးပေါင်း၍ အောင်မြင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိသည်။
မြေဆီလွှာ၊ အမြစ်၊အပင်၊ အရွက်၊အပွင့်၊ အသီး စသည့်  အပင်အစိတ် အပိုင်းတစ်ခုချင်းစီအတွက် အကျိုးဖြစ်ထွန်းမည့် သဘာဝမြေသြဇာ ထုတ်လုပ် နိုင်ရန်၊ သီးနှံတစ်မျိုးချင်းစီအတွက် မည်သို့စိုက်ပျိုးအသုံးပြုလျှင် အထွက်နှုန်း မည်မျှတိုးကြောင်း နည်းပညာများကို လိုက်လံစုဆောင်းရန်၊ မြေဆီလွှာထဲတွင် ရေထိန်းသိမ်းနိုင်မှုမြင့်မားသော စိုက်ပျိုးရေးနည်းစနစ်များကို ရှာဖွေပြီး မြေသြဇာ ကဏ္ဍမှ ကူညီနိုင်ရေး အားထည့်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများ  အတွက် ကုန်ကျစရိတ်ကို လျှော့ချပြီး ပိုမိုကောင်းမွန်သော သီးနှံအထွက်နှုန်းများ ရရှိစေရန် အရည်အသွေး ပြည့်ဝသော မြေသြဇာများ ထုတ်လုပ်နိုင်ရေးတို့ကို ဆောင်ရွက်မည့်ကုမ္ပဏီတစ်ခုဖြစ်သောကြောင့် မအူပင်ခရိုင်အတွင်းရှိ စိုက်ပျိုး ရေး လုပ်ကိုင်သောတောင်သူများ စိုက်ပျိုးရေးကို  အခြေခံသောကုမ္ပဏီများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထုတ်လုပ်သူများအတွက်  အသုံးပြုနိုင်မည့် ပိုပိုစွမ်းစိုက် ပျိုးရေးဆေးနှင့် သဘာဝမြေသြဇာများကို ဈေးကွက်အတွင်း  စတင်ဖြန့်ချိပြီး အသုံးပြုလာတော့မည်ကို ကျေနပ်အားရဖွယ် တွေ့မြင်ရတော့မည်ဖြစ်သည်။

Consumer- MT