Main menu

Background

မန္တလေးမြို့ ကြံထွက်ပစ္စည်းနှင့် သကြားဈေးကွက်အခြေအနေ

Tue, 11/07/2023 - 13:29 -- journal_editor

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ    ကြံထွက်ပစ္စည်းများမှာ  နိုဝင်ဘာ ကြံအသစ်ပေါ်ချိန် မရောက်မီ နှစ်လကျော်၊ သုံးလအလိုတွင် လက်ကျန်ပစ္စည်းနည်းပါးလာသဖြင့် အခြားစားသောက်ကုန်ပစ္စည်း ဈေးတက်လာခြင်းသာမက ကြံထွက်ပစ္စည်းများဖြစ်ကြသော ပွက် သားမှအစ ပေါင်းသကြား၊ ခါသကြားတို့လည်း ဈေးတက်လျက်ရှိ သည်။
ကြံပေါ်သည့် ရာသီချိန်တွင် ကြံစိုက် တောင်သူများ လက်ဝယ် တွင် ပွက်သားများရှိသော်လည်း ရာသီချိန် ကျော်လွန်သည့်အခါ ကုန် သည်၊ ပွဲစားများ၊ လှောင်ထားသူများ၏  လက်ထဲတွင်သာရှိသည်။ ပွက်သားနှင့် သကြားတို့မှာ  အခြားလယ်ယာထွက်ကုန်ပစ္စည်းများ ကဲ့သို့ ပုပ်ခြင်း၊ မှိုတက်ခြင်း၊ ခြောက်သွေ့ခြင်း၊ အလေးချိန်လျော့နည်း ခြင်းများမရှိသောကြောင့်  လှောင်ကန်များ၊ ပေပါပိုင်းများ  ထပ်ဆင့် ပြီး သိုလှောင်ထားရှိသည်။ ပွက်သားကို အချို့ယိုစုံလုပ်ငန်း၊ မြန်မာ မရွေးလုပ်ငန်း၊ ရေခဲခြစ်လုပ်ငန်းတို့တွင်  အသုံးပြုကြပြီး သကြားကို စားသောက်ကုန်လုပ်ငန်း၊ အချိုရည်မျိုးစုံလုပ်ငန်း၊ အဖျော်ယမကာ လုပ်ငန်းတို့တွင် အများဆုံး အသုံးပြုကြသည်။
ပြည်ပနိုင်ငံဖြစ်သည့် တရုတ်တွင်သာမက ယခုနှစ်တွင် အင်ဒို နီးရှား၊  ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်တို့မှလည်း ဝယ်ယူရန် ကမ်းလှမ်း လာကြခြင်း၊ ပြည်ပတင်ပို့မှု များလာခြင်းတို့ကြောင့်  ပြည်တွင်းစက် များ သကြားနည်းပါးခြင်း၊ ယခုနှစ်နှင့်   ယခင်နှစ်တို့တွင် ပွက်သား တစ်ပိဿာလျှင်  ကျပ်၁၀ဝ၀ ကျော်၊ ပေါင်းသကြား တစ်ပိဿာလျှင် ကျပ်၁၂၀ဝနှင့် ခါသကြား တစ်ပိဿာဈေး ကျပ်၁၁၀ဝထိ ဈေးကွာ ခြားလျက်ရှိပါတယ်။
မြန်မာ့သကြားသည်     ပြည်တွင်း၌ ဈေးတက်ခြင်းသာမက ပြည်ပသကြားများလည်း ဈေးတက်ကြောင်း စုံစမ်းသိရှိရပြီး လာမည့် ကြံစိုက်ရာသီတွင်   ကြံစိုက်တောင်သူများ ကြံကို ပိုမိုစိုက်ပျိုးသင့်ပါ ကြောင်း အကြံပြုလေ့လာရေးသားလိုက်ရသည်။
Source - သကြားနှင့်သကာရည်ကုန်စည်ဒိုင်အသင်း-မန္တလေး

 

            ခင်မေဝင်း
    DOCA(MDY)