Main menu

Background

နေပြည်တော်ကောင်စီအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Mon, 11/20/2023 - 12:30 -- journal_editor

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ တတိယပတ်အတွင်း  နေပြည်တော် ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်း တစ်ပြည် ကျပ် ၆၈၀ဝ၊ ဧည့်မထ တစ်ပြည် ကျပ် ၃၅၀ဝ၊  မနောသုခ တစ်ပြည် ကျပ် ၃၄၀ဝ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ကျပ် ၄၀ဝ၀၊ (လတ်)တစ်ပိဿာ ကျပ် ၃၈၀ဝ၊ (သေး)တစ်ပိဿာ  ကျပ် ၃၅၀ဝ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ (ကြူကုတ်) တစ်ပိဿာ ကျပ် ၁၇၀ဝ၀ မှ ကျပ် ၁၈၀ဝ၀ ထိ၊ (ရှမ်း)တစ်ပိဿာ ကျပ် ၁၅၀ဝ၀ မှ  ကျပ် ၁၆၀ဝ၀ ထိ၊ ငရုတ်သီးခြောက် လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ကျပ် ၁၆၀ဝ၀ မှ ကျပ် ၁၈၀ဝ၀ ထိ၊ (အပု)တစ်ပိဿာ ကျပ် ၂၄၀ဝ၀ မှ ကျပ် ၃၀ဝ၀ဝ ထိ၊ အာလူး လက်လီဈေးမှာ ကျပ် ၂၉၀ဝ မှ ကျပ် ၃၂၀ဝ ထိ၊  ခရမ်းချဉ်သီး တစ် ပိဿာ ကျပ် ၁၈၀ဝ မှ ကျပ် ၂၀ဝ၀ ထိ  အရောင်းအဝယ်ဖြစ်လျက်ရှိ သည်။
ကြက်ဥ လက်လီဈေးမှာ  တစ်လုံး  ကျပ် ၂၄၀မှ ကျပ် ၂၆၀ထိ ဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မြေ၏  အသား/ငါး ဈေးနှုန်း များမှာ ကြက်သား(ဃဏ) တစ်ပိဿာ  ၉၀ဝ၀ကျပ်မှ ကျပ် ၁၂၀ဝ၀ ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ကျပ် ၁၆၀ဝ၀မှ ကျပ် ၂၀ဝ၀ဝထိ၊ ဝက် သား တစ်ပိဿာ ကျပ် ၁၄၀ဝ၀ မှ ကျပ် ၁၆၀ဝ၀ ထိ၊ အမဲသား တစ် ပိဿာ ကျပ် ၁၂၀ဝ၀ မှ ကျပ် ၁၄၀ဝ၀ ထိ၊ ငါးမြစ်ချင်း  တစ်ပိဿာ ကျပ် ၁၀ဝ၀ဝ မှ ကျပ် ၁၁၀ဝ၀ ထိ၊ ငါးကြင်းတစ်ပိဿာ ကျပ် ၁၃၅၀ဝ မှ ကျပ် ၁၅၀ဝ၀ ထိ ရောင်းဝယ်နေကြောင်း သိရသည်။
စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီတစ်ပိဿာလျှင် ကျပ်၁၅၀ဝ၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀ နှင့် နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 

 

ထွန်းမင်းသန့်(နေပြည်တော်)