Main menu

Background

မော်လမြိုင် ဘိလပ်မြေ၊ ဓာတ်မြေသြဇာ၊ပိုးသတ်ဆေးနှင့်ရော်ဘာဈေးကွက်

Mon, 11/20/2023 - 14:15 -- journal_editor

မော်လမြိုင်မြို့၌  နိုဝင်ဘာလ ဒုတိယပတ်တွင် ဘိလပ်မြေဈေးကွက် မှာ အရောင်းဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေး ကွက်အတွင်း  အရောင်းအဝယ်ဖြစ် နေသောဈေးမှာ   ယခုတစ်ပတ်တွင် ကြံ့ နှစ်ကောင်  (အနီ) ကျပ် ၁၀၂၀ဝ၊  ဆင် (ထိုင်း) ကျပ် ၁၀၂၀ဝ၊     ကြံ့တံဆိပ် (အပြာ) ကျပ် ၉၉၀ဝ ဖြင့်  အရောင်း အဝယ်ဖြစ်နေပြီး  မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး ဈေး နှုန်းမှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းအနည်းငယ် အတက်အကျရှိ နေကြောင်း သိရှိရသည်။ 
ဈေးကွက်အတွင်း   အရောင်း အဝယ်ဖြစ်နေသော ဈေးမှာ   ယခင် တစ်ပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်)15;15;15 50kg ပါ တစ် အိတ်လျှင် ကျပ် ၁၅၀ဝ၀ဝ၊ ကွန်ပေါင်း 20;12;12 50kgပါ တစ်အိတ်လျှင် ကျပ် ၁၃၄၀ဝ၀၊ ကွန်ပေါင်း Thai Grow How) 15;15;15 50kg   ပါတစ်အိတ်လျှင်  ကျပ် ၁၄၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE)) 50 Kg  ပါတစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀၊   ပုလဲ (အကြီး) ၄၆% ထိုင်း (မြင်းပျံ) 50 Kg ပါ တစ်အိတ်လျှင် ကျပ် ၈၂၀ဝ၀၊ ပိုးသတ်ဆေး အမျိုး အစားဖြစ်သည့်  မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) ၁၀ဝခခ ပါ ၁ပုလင်း လျှင် ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ) 500 CC ပါ ၁ ပုလင်း လျှင် ကျပ် ၁၃၈၀ဝ၊  အဆီဖိတ်(ခရု) မြန်မာ့သြဘာ 500g တစ်ထုပ် ကျပ် ၂၁၀ဝ ရှိခဲ့ပြီး ယခုတစ်ပတ်တွင် ကွန် ပေါင်း (မြန်မာ့သြဘာ ရွှေကောမက်) 15:15:15 50kg  ပါ တစ်အိတ်လျှင် ကျပ် ၁၄၃၀ဝ၀၊ ကွန်ပေါင်း 20:12:12 50kg    ပါ တစ်အိတ်လျှင် ကျပ် ၁၂၀ဝ၀ဝ၊ ကွန် ပေါင်း Thai Grow How)15:15:15 50kg   ပါတစ်အိတ်လျှင်  ကျပ် ၁၄၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆% မြန်မာ (MPE) ) 50 kg   ပါ တစ်အိတ်လျှင် ကျပ် ၇၈၀ဝ၀၊ ပုလဲ (အကြီး)   ၄၆% ထိုင်း (မြင်းပျံ) 50kg ပါ တစ်အိတ်လျှင် ကျပ် ၈၆၀ဝ၀၊ ပိုးသတ်ဆေး  အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ  ၁၀% (သီးရွက်စုံ) 100cc yg  ပါ တစ်ပုလင်းလျှင် ကျပ် ၃၁၀ဝ၊ မာလာမြိုင်ဆိုက်ပါ ၁၀% (သီးရွက်စုံ)  500cc ပါ တစ်ပုလင်းလျှင် ကျပ် ၁၃၈၀ဝ၊ အဆီ ဖိတ်(ခရု) မြန်မာ့သြဘာ 500 g ပါ တစ်ထုပ် ကျပ် ၂၁၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်းသိရှိရသည်။
မွန်ပြည်နယ်တွင် မိုးရာသီကုန် ဆုံးချိန်ဖြစ်သဖြင့် ရော်ဘာစေးလှီးခြင်း ကို စတင်နေပြီဖြစ်သည်။   မွန်ပြည်နယ် အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေ ဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန်ရှိ နေပြီး  ရော်ဘာဈေးနှုန်းမှာ  ယခုနှစ် အဖွင့်ရာသီတွင် RSS-3 ကျပ် ၁၇၀ဝ၊RSS-5   တစ်ပေါင်လျှင် ကျပ် ၁၆၅၀ ရှိခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်မှ ၂၀ ရက်ထိ ရော်ဘာဈေးနှုန်းမှာRSS-3ကျပ် ၁၆၂၀၊RSS-5 ကျပ် ၁၃၀ဝ  ရှိနေ ကြောင်း သိရသည်။  မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့   သယ်ယူခနှုန်းထားမှာ 50 kg ပါ တစ်ထုပ်လျှင် ကျပ် ၁၇၅၀၊ ရော်ဘာတစ်တန်လျှင် ကျပ် ၃၅၀ဝ၀၊ ဖြင့်လည်းကောင်း၊    မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ 50 kg ပါတစ်ထုပ်လျှင် ကျပ် ၂၇၅၀၊   ရော်ဘာတစ်တန်လျှင် ကျပ် ၅၅၀ဝ၀ ဖြင့်  သယ်ယူပို့ဆောင် ပေးရကြောင်း ရော်ဘာကုန်သည်မျာထံ မှသိရသည်။  

အောင်မြင့်မြတ်(မွန်)