Main menu

Background

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ရောင်းချနေသည့် အခြေခံစားကုန်

Mon, 12/04/2023 - 12:14 -- journal_editor

၂၀၂၃ ခုနှစ်  နိုဝင်ဘာ စတုထ္ထပတ်အတွင်း  ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန်များဖြစ်သော  ရွှေဘိုပေါ် ဆန်း တစ်ပြည်  ကျပ် ၅၂၀ဝ ၊ ဧရာမင်း တစ်ပြည် ကျပ် ၅၃၀ဝ ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်သွန်နီ လက်လီဈေးမှာ အကြီး /အသေးအပေါ် မူတည်၍ တစ်ပိဿာလျှင်ကျပ် ၃၅၀ဝ၊ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ) အလုံးကြီး တစ်ပိဿာ  ကျပ် ၁၅၀ဝ၀၊ အလုံး သေး  တစ်ပိဿာ ကျပ် ၁၃၀ဝ၀၊   ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ ချင်းတစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ ငရုတ်သီးခြောက် တစ်ပိဿာ ကျပ်၁၆၀ဝ၀၊အာလူး အသေး/ အကြီး အမျိုးအစားအလိုက်   တစ်ပိဿာ ကျပ် ၃၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ် ၅၀ဝ၀ ၊  ခရမ်းချဉ်သီး တစ်ပိဿာ အကြီး/အသေးပေါ်  တူတည်ပြီး ကျပ် ၁၈၀ဝ-၂၀ဝ၀ ၊ ခရမ်းသီး  တစ်ပိဿာ ကျပ် ၇၀ဝ  ၊ ပန်းဂေါ်ဖီ  တစ်ပွင့်  ကျပ် ၁၈၀ဝ-၂၀ဝ၀ ၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် ၁၈၀ဝ-၂၀ဝ၀၊ ခါကြက်ဥ(တရုတ်)တစ်ပိဿာ ကျပ်၆၀ဝ၀၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ၊ သံပရာသီးတစ်လုံးလျှင် ကျပ် ၁၅၀ မှ  ၃၀ဝ ၊ ကန်ဇွန်းရွက် တစ်စည်းလျှင်  ကျပ် ၁၅၀၊ ပဲတောင့်ရှည် တစ်စည်းလျှင် ကျပ် ၃၀ဝ နှုန်းဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရသည်။
ကြက်ဥလက်လီဈေးနှုန်းမှာ  (အကြီး)တစ်လုံး  ၂၅၀ ကျပ်၊ (အသေး)တစ်လုံး  ကျပ် ၂၃၀၊  ဘဲဥတစ်လုံး ကျပ် ၂၈၀ ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏  အသား /ငါးဈေးနှုန်း များမှာ ကြက်သား(ဃဏ) ကျပ် ၁၂၀ဝ၀၊ ကြက်သား(ဗမာ) ကျပ် ၁၃၀ဝ၀ ၊ ဝက်သား တစ်ပိဿာ   ကျပ် ၁၆၅၀ဝ  ၊ အမဲသား တစ်ပိဿာ ကျပ် ၁၄၀ဝ၀ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း တွေ့ရှိရသည်။
ငါးကြင်းအကောင်လိုက်   တစ်ပိဿာ  ကျပ် ၉၀ဝ၀ ၊ ငါးကြင်းခုတ်သားဈေးမှာ တစ်ပိဿာ  ကျပ် ၁၆၀ဝ၀ ၊ တီလား ဗီးယားငါးအသေး တစ်ပိဿာ ကျပ် ၅၀ဝ၀၊ အကြီး တစ်ပိဿာ ကျပ် ၈၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း  သိရှိရ သည်။
စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ စားအုန်းဆီတစ်ပိသာလျှင် ကျပ် ၅၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
နိုဝင်ဘာလ စတုတ္ထပတ်အတွင်း အခြေခံစားကုန်ဈေး နှုန်းများအား ယခင်ပတ်ဈေးနှုန်းများနှင့်  နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားကုန်ဈေးနှုန်းများ ကွာဟမှုမရှိကြောင်းနှင့် အသားဈေးများ  တည်ငြိမ်လျက်ရှိနေပြီး   ငါးဈေးနှုန်းများ အနည်းငယ် လျော့ကျလာသည်။ ကြက်သွန်ဖြူဈေးနှုန်းအနည်း ငယ် မြင့်တက်လာကာ အသီးအနှံဈေးများ အနည်းငယ် လျော့ ကျလျက်ရှိကြောင်း ကန့်ဘလူမြို့မဈေး ရောင်းချသူများထံမှ သိရှိရသည်။           

 

  ဝေဝေအောင်(ကျွန်းလှ)