Main menu

Background

တညင်းကုန်း လက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Mon, 12/04/2023 - 12:17 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်း သို့ နိုဝင်ဘာ ၂၂ ရက် မှ နိုဝင်ဘာ ၂၈ ရက်အတွင်း  ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊   အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့်  ရှမ်းပြည်နယ်တို့မှ   ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ   အများဆုံး  ဝင်ရောက်ရောင်းချနေ ကြောင်း သိရှိရသည်။
ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်း ချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ်  ၁၀ဝ၀ မှ ၁၄၀ဝ အတွင်း၊ ဂေါ်ဖီ ထုပ်(တစ်ထုပ်)ကျပ် ၅၀ဝ မှ ၁၃၀ဝ အတွင်း၊  ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၇၀ဝ မှ ၁၈၀ဝ အတွင်း၊   အာလူး(ပိဿာ)ကျပ် ၃၆၀ဝ မှ ၃၈၀ဝ အတွင်း၊ မုန်လာဥနီ(ပိဿာ)ကျပ် ၄၅၀ဝမှ ၅၀ဝ၀အတွင်း ရွှေဖရုံသီး(လုံး)ကျပ် ၉၀ဝ မှ ၅၄၀ဝ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၁၀ဝ၀ မှ ၁၈၀ဝ အတွင်း၊  မုန်ညင်း(ထုပ်)(ပိဿာ)ကျပ် ၂၅၀ဝ မှ ၃၀ဝ၀ အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)ကျပ်  ၂၄၀ဝ မှ ၃၈၀ဝ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၁၁၀ဝ၀ မှ ၁၄၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) (ပိဿာ) ကျပ် ၁၂၅၀ဝ မှ ၁၃၀ဝ၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၅၀ဝ၀ မှ  ၆၀ဝ၀ အတွင်း၊ ဆလပ်ရွက် (စီး) ကျပ် ၂၀ဝ မှ ၃၀ဝ အတွင်း၊   ချဉ်ပေါင်ရွက်(စည်း) ကျပ် ၁၀ဝမှ ၂၀ဝ အတွင်း၊ ခရမ်းသီး  (ရှည်) (ပိဿာ)ကျပ် ၁၃၀ဝ မှ ၁၈၀ဝ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၁၀ဝ မှ ၂၀ဝ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ်  ၂၅၀ဝ မှ ၃၈၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး)ကျပ် ၁၅၀ဝ မှ ၆၀ဝ၀ အတွင်းဖြစ်ကြောင်း သိရှိရသည်။
တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့    ယခုရက် သတ္တပတ်အတွင်း သံပရာသီး အလုံးပေါင်း ၁၅၆၅၂၀ဝ ကျော်၊ ခရမ်းသီး(ရှည်) (ပိဿာ) ၃၂၀၅၀ကျော်၊  ဘူးသီးအလုံးပေါင်း ၁၃၆၇၆ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း ၆၁၀၅ ကျော်၊ ဂေါ်ဖီထုပ် ပေါင်း ၆၉၀ဝ၀ ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း ၂၉၁၁၂ ကျော်၊ မုန် ညင်းထုပ်(ပိဿာ)ပေါင်း၉၇၉၅ကျော်၊  ဖရဲသီးလုံးပေါင်း ၂၄၆၃၇ ကျော် အသီးသီး ကုန်အဝင်ရှိကြောင်း သိရသည်။

 

လဲ့လဲ့စိုး
(ရန်ကုန်)