Main menu

Background

ပြည်မုန်ညင်းနှင့် ကျောက်ဖရုံသီးဈေးကွက်

Wed, 12/20/2023 - 10:46 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ ကျေးရွာများဖြစ် သော မှော်ဇာ၊ တောင်လုံးညို၊ ရှမ်းစု၊ ဇီးဖြူကုန်း စသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးပြီး ဒေသနှင့်ကိုက်ညီ သည့် ရာသီစာ မုန်ညင်းများ စိုက်ပျိုးရောင်းချခြင်းဖြင့် နှစ်စဉ် ဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။
တောင်လုံးညိုကျေးရွာတွင် ယိုးဒယားမျိုး မုန်ညင်း အမျိုးအစားများ စိုက်ပျိုးကြသည်။ အဖူးမုန်ညင်း၊ အပင်မုန် ညင်းဟူ၍ နှစ်မျိုးရှိပြီး အစေ့ထုပ်များကို ဝယ်ယူ၍ စိုက်ပျိုး ကြောင်း တောင်သူဦးခင်မောင်လင်းထံမှ သိရသည်။ မုန်ညင်း မျိုးစေ့ တစ်ထုပ်လျှင် ကျပ်၂၅၀ဝ-၃၀ဝ၀ ရှိကြောင်း၊ မျိုးစေ့ တစ်ထုပ်လျှင် အပင်ပေါက် ၁၀ဝ၀ ကျော်ရရှိပြီး  မုန်ညင်းပင် သည် အအေးကြိုက်သော အပင်မျိုးဖြစ်သောကြောင့် အအေး ဒဏ်ကို ခံနိုင်ရည်ရှိသည်။ အစိုဓာတ် လုံလုံလောက်လောက် ရရှိရန်လိုအပ်ပြီး  မုန်ညင်းကို မေလမှ ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
ဈေးကွက်အနေဖြင့် ပြည်မြို့နယ်အတွင်းရှိ ဈေးများ အပြင် ရန်ကုန်သို့လည်း တင်ပို့ပြီး ဒေသထွက်ရာသီစာ လက် ဆောင်အဖြစ် ဝယ်ယူကြသကဲ့သို့ မုန်ညင်းဖူးများကို ပေါင်း၍ မြို့ပေါ်ရပ်ကွက်များသို့  လှည့်လည်ရောင်းချမှုများလည်းရှိ သည်။ ဈေးနှုန်းများအနေဖြင့်  မုန်ညင်းဖူး အသေးစည်းလေး ငါးစည်းဖူး  တစ်စည်းလျှင် ကျပ် ၅၀ဝ ဖြင့် ရောင်းချပြီး ရာသီစာ မုန်ညင်းဖူးများကို စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု နှစ်စဉ် ဝင်ငွေရရှိကာ စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။
ပြည်ဈေးကွက်တွင်  ကျောက်ဖရုံသီးများ အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ပြည်ဒေသအနီး ကျေးရွာများ၊ သဲကုန်း မြို့နယ်ရှိ ပုတီးကုန်း၊ ဝက်ပုတ်နှင့်ရွှေတောင်မြို့ရှိ ကျေးရွာများ မှ တင်ပို့ရောင်းချလျက်ရှိသည်။ ရန်ကုန်မြို့ရှိ တညင်းကုန်းဈေး နှင့် သီရိမင်္ဂလာဈေးများသို့ အခြား ကုန်စိမ်းများနှင့်အတူ တင်ပို့ရောင်းချကြကြောင်း သိရပြီး ကျောက်ဖရုံသီးဈေးမှာ ပေါ်ကာစအချိန်တွင် အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀ဝ၀ နှင့် အလုံးသေး တစ်လုံးလျှင် ကျပ် ၁၀ဝ၀ ဖြင့် ရောင်းချပြီး ယခု လှိုင်လှိုင်ပေါ်ချိန်တွင်  ကျောက်ဖရုံသီးတစ်လုံးလျှင် ကျပ် ၆၀ဝ-၇၀ဝ နှင့် အလုံးသေး  တစ်လုံးလျှင် ကျပ် ၄၀ဝ-၅၀ဝ ခန့် ရောင်းချလျက်ရှိကြောင်း သိရသည်။

ယဉ်သိမ့်နွေး၊ သင်းသင်းအောင်(ပြည်)