Main menu

Background

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ဒီဇင်ဘာလ စတုထ္ထပတ်တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Mon, 01/01/2024 - 13:29 -- journal_editor

၂၀၂၃ခုနှစ် ဒီဇင်ဘာလ စတုထ္ထပတ်အတွင်း ကန့်ဘလူ၊ ကျွန်း လှမြို့တို့တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ် ပြည်  ကျပ် ၅၂၀ဝ၊ ဧရာမင်း တစ်ပြည်  ကျပ် ၅၂၀ဝ ဖြင့် တည်ငြိမ်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ   လက်လီဈေးမှာ အကြီး/အသေးအပေါ်  မူတည်၍ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀/ ၃၅၀ဝ၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီး တစ်ပိဿာ ကျပ် ၁၅၀ဝ၀ ၊ အလုံးသေး တစ်ပိဿာ ကျပ် ၁၃၀ဝ၀ ၊  ကြ‌က်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ကျပ် ၁၅၀ဝ၀၊ ချင်း တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ငရုတ်သီးခြောက်တစ်ပိဿာကျပ်၁၄၀ဝ၀၊အာလူး အသေး/ အကြီး အမျိုးအစားအလိုက်  တစ်ပိဿာ  ကျပ် ၃၅၀ဝ/၃၀ဝ၀  ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ် ၄၀ဝ၀၊  ခရမ်းချဉ်သီး တစ် ပိဿာ အကြီး/အသေးအပေါ် မူတည်ပြီး ကျပ်၁၅၀ဝ/၁၃၀ဝ၊ ခရမ်း သီး  တစ်ပိဿာ ကျပ် ၁၆၀ဝ၊ ပန်းဂေါ်ဖီ တစ်ပွင့်  ကျပ် ၁၈၀ဝ/၁၅၀ဝ၊ ဂေါ်ဖီထုတ်တစ်ထုတ်လျှင်ကျပ် ၁၈၀ဝ/၁၅၀ဝ၊ခါကြက်ဥ (တရုတ်) တစ်ပိဿာ ကျပ် ၇၀ဝ၀၊ ခါ ကြက်ဥ (ဗမာ)  တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ၊ သံပုရာသီး တစ်လုံးလျှင် ကျပ် ၁၅၀ မှ ကျပ် ၃၀ဝ၊ ကန်စွန်း ရွက်တစ်စည်းလျှင် ကျပ် ၁၅၀၊ ပဲတောင့်ရှည်တစ်စီးလျှင် ကျပ် ၂၀ဝ- ၂၅၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ 
ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး ကျပ် ၂၅၀၊ (အသေ)တစ်လုံး ကျပ် ၂၃၀၊ ဘဲဥတစ်လုံး ကျပ် ၃၅၀ ရှိသည်။  ကန့် ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါးဈေးနှုန်းများမှာ ကြက်သား(ခစ)တစ်ပိဿာ ကျပ် ၁၃၀ဝ၀ ၊ ကြက်သား(ဗမာ) တစ်ပိဿာ ကျပ် ၁၄၀ဝ၀၊ ဝက်သားတစ်ပိဿာ ကျပ် ၁၆၀ဝ၀၊ အမဲသား တစ်ပိဿာ ကျပ် ၁၄၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း တွေ့ရှိရ သည်။ ငါးကြင်းအကောင်လိုက် တစ်ပိဿာ ကျပ် ၉၅၀ဝ ၊ ငါးကြင်း ခုတ်သားဈေးမှာ တစ်ပိဿာ  ကျပ် ၁၆၀ဝ၀၊  တီလားဗီးယားငါး အသေး တစ်ပိဿာ ကျပ် ၅၀ဝ၀၊ အကြီးတစ်ပိဿာ ကျပ် ၇၅၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။ စားသုံးဆီဈေး နှုန်းမှာ မြေပဲဆီသန့်  တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၇၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။
ဒီဇင်ဘာလ  စတုထ္ထပတ်အတွင်း   အခြေခံစားကုန်ဈေးနှုန်း များအား   ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အခြား အခြေခံ စားကုန်ဈေးနှုန်းများနှင့်  အသားဈေး/ ငါးဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိနေပြီး အသီးအရွက်ဈေးများ အနည်းငယ်လျော့ကျ လျက်ရှိကြောင်း   ကန့်ဘလူမြို့မဈေး   ရောင်းချသူများထံမှ သိရ သည်။                    

 

       ဝေဝေအောင်(ကျွန်းလှ)