ဇန်နဝါရီ ဒုတိယပတ်အတွင်း ရန်ကုန်မြို့ ပုဇွန်တောင် ဈေးအတွင်းရှိ အသား၊ ငါးဈေးနှုန်းများမှာ ဝက်သား တစ် ပိဿာလျှင် ကျပ် ၁၆၀ဝ၀၊ ဘဲသားတစ်ပိဿာလျှင် ကျပ် ၁၂၀ဝ၀ -၁၄၀ဝ၀၊ ဆိတ်သား တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ၀၊ အမဲသားတစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၉၀ဝ၀-၁၀ဝ၀ဝ၊ မြန်မာကြက် တစ် ပိဿာလျှင် ကျပ် ၁၉၀ဝ၀-၂၁၀ဝ၀၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀-၁၄၀ဝ၀၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀-၇၀ဝ၀ နှင့် ပင်လယ်ငါး တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀-၇၀ဝ၀ ထိလည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ပုဇွန်တောင် ဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၅၁၅၀၊ ပဲဆီ(ရှယ်) တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ ဖြင့်လည်းကောင်း၊ ကြက်သွန်နီ ဆိုဒ်စုံ တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ - ၅၀ဝ၀ - ၅၂၀ဝ ၊ ကြက် သွန်ဖြူ(ဥ) တစ်လုံး တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ-၂၂၀ဝ၀၊ ကြက်သွန်ဖြူ(အမွှာ) တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ၀၊ ကြက် သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ အာလူး တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ၊ နနွင်းမှုန့် တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ နနွင်းတက် တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ အိုင်အိုဒင်း ဆား/ ရိုးရိုးဆား တစ်ထုပ်လျှင် ကျပ် ၅၀ဝ၊ ငရုတ်တောင့် (ရှည်) တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀၊ ငရုတ်တောင့်(ပု) တစ် ပိဿာလျှင် ကျပ် ၂၄၀ဝ၀၊ မြန်မာပဲနီလေး တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀၊ ပဲဝါလေး တစ်ပိဿာလျှင် ကျပ် ၄၆၀ဝ၊ ကုလားပဲခြမ်း တစ်ပိဿာလျှင် ကျပ် ၆၄၀ဝ၊ ချင်း တစ်ပိဿာ လျှင် ကျပ် ၇၀ဝ၀ - ၈၀ဝ၀ ဖြင့်လည်းကောင်း ပုံမှန်အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ နျေအ (ီဥဃဗ)
Background