Main menu

Background

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Mon, 01/15/2024 - 12:01 -- journal_editor

၂၀၂၄ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း နေပြည်တော်   ကောင်စီနယ်မြေတွင်   အခြေခံ စားကုန်များဖြစ်သော  ရွှေဘိုပေါ်ဆန်း တစ်ပြည် ၆၈၀ဝကျပ်၊ ဧည့်မထ တစ်ပြည် ၃၆၅၀ကျပ်၊ မနော သုခ တစ်ပြည် ၃၆၀ဝကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ကျပ် ၄၀ဝ၀၊ (လတ်)တစ်ပိဿာ ကျပ် ၃၆၀ဝ၊ (သေး)တစ်ပိဿာ ကျပ် ၃၂၀ဝ နှုန်း ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ 
ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ကျပ် ၁၄၀ဝ၀ မှ ကျပ် ၁၅၀ဝ၀ ထိ၊ (ရှမ်း)တစ်ပိဿာ ကျပ် ၁၅၀ဝ၀ မှ ကျပ် ၁၅၅၀ဝထိ၊ ငရုတ်သီးခြောက် လက်လီဈေးမှာ (အရှည်) တစ် ပိဿာ ကျပ် ၁၆၀ဝ၀ မှ ကျပ် ၁၆၅၀ဝ ထိ၊ (အပု)တစ်ပိဿာ ကျပ် ၂၄၀ဝ၀ မှ ၂၄၅၀ဝ ထိ၊ အာလူး လက်လီဈေးမှာ ကျပ် ၃၈၀ဝ မှ ကျပ် ၄၀ဝ၀ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၁၈၀ဝမှ ကျပ် ၂၀ဝ၀ ထိ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
ကြက်ဥလက်လီဈေးမှာတစ်လုံး ကျပ်၂၄၀ မှ ကျပ် ၂၅၀ ထိ ဖြစ်သည်။ နေပြည်တော်ကောင်စီ နယ်မြေ၏ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP)တစ်ပိဿာ ကျပ် ၇၈၀ဝမှ  ကျပ် ၁၀ဝ၀ဝ ထိ၊ ကြက်သား(ဗမာ)တစ်ပိဿာ ကျပ် ၁၈၀ဝ၀ မှ ကျပ် ၂၀ဝ၀ဝ ထိ၊ ဝက်သားတစ်ပိဿာ ကျပ် ၁၅၀ဝ၀ မှ ကျပ် ၁၆၀ဝ၀ ထိ၊ အမဲသား တစ်ပိဿာ ကျပ် ၁၄၀ဝ၀ မှ ကျပ် ၁၄၅၀ဝ ထိ၊  ငါးမြစ်ချင်း တစ် ပိဿာ ကျပ် ၁၀ဝ၀ဝ မှ ၁၁၀ဝ၀ ထိ၊ ငါးကြင်း တစ် ပိဿာ ကျပ် ၁၃၅၀ဝ မှ ကျပ် ၁၄၀ဝ၀ ထိ ရောင်း ဝယ်နေကြောင်း သိရသည်။
စားသုံးဆီဈေးနှုန်းများမှာ ပဲဆီ တစ်ပိဿာ လျှင် ကျပ် ၁၄၀ဝ၀၊ စားအုန်းဆီ  တစ်ပိဿာလျှင် ကျပ် ၅၃၀ဝ နှင့် နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၀ ဖြင့်    အရောင်းအဝယ်ဖြစ်နေသည်။                       

 

ထွန်းမင်းသန့် (နေပြည်တော်)