Main menu

Background

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်း ရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

Mon, 01/15/2024 - 12:18 -- journal_editor

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်း သို့ ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၉ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရ သည်။ 
ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်း ချဉ်သီး ထိုင်ဝမ်(ပိဿာ)ကျပ် ၁၀ဝ၀ မှ ၁၈၀ဝ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်)ကျပ် ၅၀ဝ မှ ၁၅၀ဝ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်)ကျပ် ၄၀ဝ မှ ၂၀ဝ၀ အတွင်း၊ အာလူး(ပိဿာ)ကျပ် ၂၃၀ဝ မှ ၂၈၀ဝ အတွင်း၊ မုန်လာဥနီ(ပိဿာ) ကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ အတွင်း ရွှေ ဖရုံသီး(လုံး)ကျပ် ၁၈၀ဝ မှ ၅၄၀ဝ အတွင်း၊ ဘူးသီး(လုံး) ကျပ် ၁၂၀ဝ မှ ၁၅၀ဝ အတွင်း၊ မုန်ညင်း(ထုပ်)(ပိဿာ)ကျပ် ၁၅၀ဝ မှ ၁၈၀ဝ အတွင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) ကျပ် ၂၈၀ဝ မှ ၄၅၀ဝ အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)(ပိဿာ)ကျပ် ၁၅၀ဝ၀ မှ ၁၇၀ဝ၀ အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်)  (ပိဿာ) ကျပ် ၉၀ဝ၀ မှ ၁၃၀ဝ၀ အတွင်း၊ ချင်း(ပိဿာ)ကျပ် ၃၅၀ဝ မှ ၄၅၀ဝ အတွင်း၊ ဆလတ်ရွက် (စည်း) ကျပ် ၂၅၀ မှ ၄၀ဝ အတွင်း၊ ချဉ်ပေါင်ရွက် (စည်း) ကျပ် ၈၀ မှ ၁၂၀ အတွင်း၊ ခရမ်းသီး (ရှည်) (ပိဿာ)ကျပ် ၈၀ဝ မှ ၁၆၀ဝ အတွင်း၊ သံပရာသီး(လုံး)ကျပ် ၅၀ မှ ၁၀ဝ အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) (ပိဿာ)ကျပ် ၁၃၀ဝ မှ ၂၃၀ဝ အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) ကျပ် ၃၀ဝ၀ မှ ၈၅၀ဝ အတွင်း ဖြစ်ကြောင်း သိရှိရသည်။ 
တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ ယခုရက်သတ္တ ပတ်အတွင်း သံပုရာသီးအလုံးပေါင်း ၁၇၀၅၂၀ဝ ကျော်၊ ခရမ်းသီး (ရှည်) (ပိဿာ) ၃၆၈၃၀ ကျော်၊ ဘူးသီးအလုံးပေါင်း ၉၆၅၃ လုံး ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း ၅၃၂၅ လုံးကျော်၊ ဂေါ်ဖီထုပ်ပေါင်း ၆၉၂၀ဝ ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း ၅၈၀ဝ၀ ကျော်၊ မုန်ညင်းထုပ် (ပိဿာ) ပေါင်း ၉၄၈၀ ကျော်၊ ဖရဲသီးလုံးပေါင်း ၂၉၇၅၀ ကျော် အသီးသီး ကုန်အဝင်ရှိကြောင်း သိရသည်။    

လဲ့လဲ့စိုး (ရန်ကုန်)