Main menu

Background

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသော စက်မှုကုန်ကြမ်းသီးနှံရောဘာဈေးကွက်

Mon, 01/15/2024 - 12:40 -- journal_editor

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက် ပျိုးရေးလုပ်ငန်းကို  အဓိကလုပ်ကိုင်လျက်ရှိသော တိုင်းကြီးတစ်ခုဖြစ်ပြီး  စိုက်ပျိုးရေးကဏ္ဍတွင် မိုး၊ နွေစပါး၊  ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် အခြား သီးနှံများကိုလည်း    စိုက်ပျိုးဖြစ်ထွန်းအောင်မြင် လျက်ရှိသည့်အပြင် နှစ်ရှည်သီးနှံအုပ်စုတွင် သီဟိုဠ် နှင့်  စက်မှုကုန်ကြမ်းသီးနှံ ရော်ဘာကိုလည်း ပုသိမ် မြို့နယ်၊ ချောင်းသာ၊ ငွေဆောင်၊ မော်တင်စွန်းကား လမ်းဘေးကျေးရွာများနှင့်   ငပုတော၊   လပွတ္တာ၊ မြောင်းမြ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်းမြို့နယ်များတွင် ဧက ၃၆၂၇၅ ကျော် စိုက်ပျိုး လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရော်ဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ 
ရော်ဘာစိုက်ပျိုးသူများအနေဖြင့်  အောက် တိုဘာလမှ  မတ်လအထိ  အများဆုံးအစေးခြစ်ပြီး အချို့မှာ မိုးမကျမီ မေလအထိ အစေးခြစ်ယူသူများ လည်းရှိကြောင်း အေးသောအချိန် အစေးပို၍ ထွက် ရှိရာ ရော်ဘာအစေးခြစ်သောအချိန်မှ ည ၁၂ နာရီ ဝန်းကျင်နှင့် နံနက် ၄ နာရီခွဲ ၅ နာရီအထိ အစေး ခြစ်ယူပြီး ရရှိလာသော ရော်ဘာစေးကို အက်စစ်နှင့် အအေးခံပြီး  ရရှိလာသော ရော်ဘာစေးများကို ခွက်နှင့်ပုံသွင်း၍ စက်ဖြင့်ကြိတ်ကာ ၃ ပေါင်ခွဲ ၊ ၄ ပေါင်ခန့်ရှိသော ရော်ဘာပြားများကို ၃၊ ၄ ရက်ခန့် နေလှမ်းပြီး ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း ရော်ဘာစိုက်ပျိုးသူ တောင်သူ ဦးစိုင်းသန်း အေးက ပြောကြားသည်။
ရော်ဘာဈေးကွက်တွင်  ွမေိန ၁ယ ခယ ၃ ခွဲကာ ဝယ်ယူမှုရှိပြီး ပုသိမ်မြို့နယ်မှ ထွက်ရှိသော ရော်ဘာ ကုန်ကြမ်းများကို ရန်ကုန်ရှိ ကုမ္ပဏီသို့ တင်ပို့ရောင်း ချသူများလည်းရှိပြီး ရန်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံ များသို့ တင်ပို့မှုရှိသလို ရန်ကုန်မြို့နှင့် ပဲခူးမြို့များရှိ ပြည်တွင်းလုပ်ငန်းရှင်များသို့လည်း ရောင်းချလျက်ရှိ ကြောင်း ပြည်တွင်းရှိ ရော်ဘာစက်ရုံများမှ ကား တာယာ၊ စက်ဘီးတာယာ၊ ဓာတ်ကြိုး၊ ဝါယာကြိုး၊ သားရေဖိနပ်၊ လက်အိတ်၊ သားရေကွင်းနှင့်အခြား အမယ်များကိုလည်း  ပြုလုပ်ရောင်းချလျက်ရှိပြီး ယခင်နှစ်ရော်ဘာတစ်ပေါင်ဈေးနှုန်းမှာ ကျပ် ၁၄၅၀ ဝန်းကျင်ရှိပြီး တစ်ပေါင်လျှင် ကျပ် ၁၀ဝ ဝန်းကျင် ဈေးနှုန်းပိုမိုရရှိကြောင်း သိရသည်။

မင်းမင်းဦး(ပသ)