Main menu

Background

ပြည်ခရိုင်၊ ပြည်မြို့မ စည်ပင်သာယာဈေးအတွင်း အခြေခံစားကုန် ဈေးနှုန်းများ

Mon, 01/15/2024 - 12:41 -- journal_editor

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ  ဒုတိယပတ် အတွင်း ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည် ခရိုင်၊ ပြည်မြို့   မြို့မစည်ပင်သာယာဈေးကြီး အတွင်း       အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်း(သစ်)တစ်အိတ်လျှင်  ကျပ်၁၃၀ဝ၀ဝ၊ ဧည့်မထဆန်(သစ်)  ကျောက်ရွေးတစ်အိတ် လျှင်  ကျပ် ၇၈၀ဝ၀၊ ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်  ကျပ် ၁၁၀ဝ၀ မှ ၁၂၀ဝ၀၊ ကြက်သွန်နီ  တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၊ ချင်းတစ်ပိဿာလျှင်   ကျပ် ၄၀ဝ၀/၅၀ဝ၀၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀၊  ကိုင်းခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ/၁၅၀ဝ၊ ခရမ်းချဉ်သီး (ရှမ်း) တစ် ပိဿာလျှင် ကျပ် ၈၀ဝ/၁၀ဝ၀၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း)တစ်ပိဿာလျှင် ကျပ်၂၀ဝ၀၊ ပီနံငရုတ်သီး တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀/ ၁၀ဝ၀ဝ၊ဂေါ်ဖီထုပ်တစ်ထုပ်လျှင်ကျပ် ၁၁၀ဝ/ ၁၃၀ဝ ၊ အာလူး တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၅၀ဝ၊ စား အုန်းဆီ  တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ ဝက် သားတစ်ပိဿာ ကျပ် ၁၈၀ဝ၀/၂၀ဝ၀ဝ၊ အမဲ သားတစ်ပိဿာ ကျပ် ၁၅၀ဝ၀၊   ဆိတ်သား တစ်ပိဿာ ကျပ်၂၅၀ဝ၀၊ကြက်ဥတစ်လုံး ကျပ် ၂၀ဝ/၂၅၀၊   ဘဲဥတစ်လုံး ကျပ် ၃၅၀၊ ရွှေဖရုံ သီး အကြီးတစ်လုံး ကျပ် ၁၀ဝ၀/၁၅၀ဝ၊ မုန် လာဥတစ်စည်းလျှင် ကျပ် ၃၀ဝ ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာလ အတွင်း အရောင်းအဝယ်ဖြစ်ခဲ့သောဈေးနှုန်းထက် ၂၀၂၄ခုနှစ် ဇန်နဝါရီလတွင် အခြေခံစား ကုန်ဈေးနှုန်းမြင့်တက်လာပြီး အချို့အခြေခံ စားကုန်ဈေးနှုန်းမှာ   အတက်အကျ အနည်း ငယ်သာရှိပြီး      အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။

အိအိခိုင်(ပြည်)