Main menu

Background

ပြည်ခရိုင်၏ နှမ်းသီးနှံဈေးနှုန်း

Mon, 02/05/2024 - 11:26 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးနှမ်းစိုက်ဧက ၆၆၃၇၁ ဧကတွင် (၆၆၃၇၁ ဧက ရိတ်သိမ်းနိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့် ၁၄ ဒသမ ၉၅ တင်းထွက်ရှိကြောင်း သိရသည်။ ဆောင်းနှမ်းစိုက်ဧကမှာ ၁၁၂၆၄ ဧက စိုက်ပျိုးထားကြောင်း သိရသည်။ မိုးနှမ်းများ စတင်ထွက်ပေါ်ချိန် ဖြစ်သော ၂၀၂၃ခုနှစ် အောက်တိုဘာလတွင် နှမ်းနီသုံးတင်းတစ်အိတ်လျှင် ကျပ် ၃၀၅၀ဝ၀၊ နှမ်းနက် သုံးတင်း တစ်အိတ်လျှင် ကျပ် ၂၇၀ဝ၀ဝ နှင့် စမုန်နက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၁၅၀ဝ၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
နိုဝင်ဘာလတွင် နှမ်းနီသုံးတင်း တစ်အိတ်လျှင် ကျပ် ၂၈၅၀ဝ၀၊ နှမ်းနက် သုံးတင်း တစ်အိတ် လျှင် ကျပ် ၂၇၀ဝ၀ဝ နှင့် စမုန်နက်နှမ်း သုံးတင်း တစ်အိတ်လျှင် ၃၀ဝ၀ဝ၀ကျပ်ဖြင့် ဈေးအနည်းငယ် ကျဆင်း လာပြီး ရန်ကုန်၊ မန္တလေးဝယ်လက်များက အဝယ်ရှိ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး တစ်ရက် လျှင်  အိတ် ၁၀ဝ၀-၁၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
ဆောင်းနှမ်းစိုက်ပျိုးချိန် ဒီဇင်ဘာလတွင် နှမ်းနီသုံးတင်းတစ်အိတ်လျှင် ကျပ် ၂၈၀ဝ၀ဝ၊ နှမ်းနက် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ၀ နှင့် စမုန်နက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၂၀ဝ၀ဝ ဖြင့် နှမ်းအနည်းငယ်ရှားသွား၍ စမုန်နက်နှမ်းသာ ဈေးပြန်မြင့်သွားပြီး ရိုးရိုးနှမ်းနက်မှာ ဈေးငြိမ်၍ နှမ်းနီမှာ ဈေးကွက်တွင် ပစ္စည်းလက်ကျန်ပြတ်၍ ဈေးတန်းသာရှိခဲ့သည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ် ၂၈၀ဝ၀ဝ၊ နှမ်းနက်သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ၀ နှင့် စမုန်နက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၄၀ဝ၀ဝ၊ ဇန်နဝါရီ နောက်ဆုံးပတ်တွင် နှမ်းနီ သုံးတင်းတစ် အိတ်လျှင် ကျပ် ၂၈၅၀ဝ၀၊ နှမ်းနက်သုံးတင်း တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ၀ နှင့် စမုန်နက်နှမ်း သုံးတင်း တစ်အိတ်လျှင် ကျပ် ၃၄၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဖေဖော်ဝါရီ ပထမပတ်တွင် နှမ်းနီ သုံး တင်းတစ်အိတ်လျှင် ကျပ် ၂၈၅၀ဝ၀၊ နှမ်းနက်သုံးတင်း တစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ၀ နှင့် စမုန်နက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၅၀ဝ၀ဝ နှင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။  ထို့ကြောင့် ပြည်ခရိုင်တွင် နှမ်းဈေးများမှာ အမြင့်ဆုံးတွင်ရှိ နှမ်းစိုက်ပျိုးသူ တောင်သူများအနေဖြင့် တစ်ဧကထုတ်လုပ်မှုသည် သီးနှံအရည်အသွေး မြင့်မားတိုးတက်အောင် ဆောင်ရွက်နိုင်လျှင် ရောင်းချ သည့်အခါ မိမိသီးနှံအရည်အသွေးပေါ်မူတည်၍ ဝင်ငွေတိုးလာပြီး အမြတ်အစွန်းများ ရရှိလာနိုင်မည်ဖြစ် ပြီး  မိမိတို့၏ လယ်ယာစီးပွားရေးကို မြှင့်တင်နိုင်မည်ဖြစ်သည်။    

 

ဝေဝေမင်း(ပြည်)