Main menu

Background

မော်လမြိုင်မြို့၏ ဘိလပ်မြေ၊ဓာတ်မြေသြဇာ၊ ပိုသတ်ဆေးနှင့် ရော်ဘာဈေးကွက်

Mon, 02/05/2024 - 11:52 -- journal_editor

ဘိလပ်မြေ
မော်လမြိုင်မြို့၌ ဇန်နဝါရီလ စတုတ္ထပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေ ပြီး ဈေးနှုန်းအနည်းငယ် မြင့်တက်လာကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေ သော ဈေးမှာ ယခုတစ်ပတ်တွင်  ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၁၅၀ဝ၊ ကြံ့တံဆိပ်(အပြာ) ကျပ် ၁၀၈၀ဝ၊ ကြံ့တံဆိပ်(အဖြူ) ကျပ် ၁၀ဝ၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းမှာ အရောင်းအဝယ်အေးနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ဇန်နဝါရီလ စတုတ္ထပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာ ရွှေ ကောမက်) 15:15:15 50kg ပါတစ်အိတ်လျှင် ကျပ် ၁၁၅၀ဝ၀၊ ကွန်ပေါင်း 20:12:12 50kgပါတစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ၊ ကွန်ပေါင်း Thai Grow How) 15:15:15 50kgတစ်အိတ်လျှင် ကျပ် ၁၆၀ဝ၀ဝ၊ ပုလဲ (အသေး) ၄၆%  မြန်မာ (MPE) 50kg ပါတစ်အိတ် လျှင် ကျပ် ၇၈၀ဝ၀၊ ပုလဲ (အကြီး) ၄၆% ထိုင်း(မြင်းပျံ) ၅၀ါု ပါတစ်အိတ်လျှင် ကျပ် ၈၅၀ဝ၀၊ ပိုသတ်ဆေး အမျိုးအစားဖြစ်သည့် မာလာမြိုင်ဆိုက်ပါ ၁၀% (သီး ရွက်စုံ) 100cc တစ်ပုလင်းလျှင် ကျပ်(၃၁၀ဝ)  မာလာမြိုင် ဆိုက်ပါ ၁၀%(သီးရွက်စုံ) ၅၀ဝခခ တစ်ပုလင်း လျှင် ကျပ် ၁၃၈၀ဝ  ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
ရော်ဘာ
မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များအနေဖြင့် အပတ်စဉ် အရောင်းအဝယ်ပုံမှန် ရှိနေ သည်။ ရော်ဘာဈေးနှုန်းမှာအဖွင့်ရာသီတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၁၇၅၀၊ RSS 5တစ်ပေါင်လျှင် ကျပ် ၁၆၅၀  ရှိခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၃ ရက်ထိ ဈေးနှုန်းမှာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၇၉၀၊ RSS-5 တစ်ပေါင်လျှင် ကျပ် ၁၇၀ဝ  ပေါက်ဈေးရှိနေကြေင်း သိရသည်။
ယခင်နှစ် RSS-3 တစ်ပေါင်လျှင် ကျပ်  ၁၃၇၀၊RSS-5တစ်ပေါင်လျှင် ကျပ် ၁၃၀ဝ  နှင့်နှိုင်းယှဉ်ပါ ကလည်း တစ်ပေါင်လျှင် ကျပ် ၃၈၀ ခန့် ဈေးတက်လာခဲ့သည်။ မော်လမြိုင်မြို့မှရန်ကုန်မြို့ သို့ သယ်ယူခ နှုန်းထားမှာ ၅၀ ါု ပါတစ်ထုပ်လျှင် ကျပ် ၁၇၅၀၊ ရော်ဘာတစ်တန်လျှင် ကျပ်  ၃၅၀ဝ၀ ဖြင့်လည်းကောင်း  မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ 50 kg ပါတစ်ထုပ်လျှင် ကျပ် ၃၀ဝ၀၊ ရော်ဘာ တစ်တန်လျှင် ကျပ် ၆၀ဝ၀ဝ ဖြင့် သယ်ယူပို့ဆောင်ပေးရကြောင်း သိရပြီး သယ်ယူခမှာ ဒေသအလိုက် အနည်းအများ ကွာခြားမှုရှိ ကြောင်း ကုန်သည်များထံမှ သိရသည်။

 

အောင်မြင့်မြတ်(မွန်)