Main menu

Background

ကော့မှူးမြို့နယ်၌ ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားသောက်ကုန် ဈေးနှုန်းများ

Mon, 02/05/2024 - 12:06 -- journal_editor

ဇန်နဝါရီလ စတုတ္တပတ်တွင် ကော့မှူးမြို့နယ်၌ အခြေခံ စားသောက် ကုန်များဖြစ်သော ဆန်ကြမ်း၊ ဆန်ချောအမျိုးအစားအလိုက် ဧည့်မထတစ် ပြည်လျှင် ကျပ်  ၃၆၀ဝ-၃၈၀ဝ ထိ၊ မီးဒုံးဆန်(ရိုးရိုး)တစ်ပြည်လျှင် ကျပ် ၄၅၀ဝ-၄၆၀ဝ ထိ၊ တောင် ပျံဆန်(ရိုးရိုး)တစ်ပြည်လျှင် ကျပ် ၄၈၀ဝ-၄၉၀ဝ ထိ၊ ဧရာဝတီပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၅၀ဝ-၅၆၀ဝ ဖြင့်လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ယခင်ပတ်တွင် ကျပ် ၅၄၅၀ ၊ ယခုပတ်တွင်  ၅၄၇၅ ကျပ် ဈေးအနည်းငယ်တက်ပြီး၊ ပဲဆီတစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၀ ဖြင့်  လည်းကောင်း၊ ကြက်သွန်နီ အသစ်ဆိုဒ်ဆုံ တစ်ပိဿာ လျှင်ကျပ် ၃၀ဝ၀-၃၅၀ဝ ၊ ကြက်သွန်ဖြူ(အမွှာ) တစ်ပိဿာလျှင် ကျပ် ၁၉၀ဝ၀ ၊ ကြက် သွန်ဖြူ (ကြူကုတ်)တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ၊ အာလူး တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၊ နနွင်းမှုန့်တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ ရိုးရိုးဆားတစ်ပိဿာ လျှင် ကျပ် ၅၀ဝ၊ အိုင်အိုဒင်းဆား တစ်ထုပ် လျှင် ကျပ် ၆၀ဝ ၊  ငြုပ်တောင့် (အရှည်) တစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀ ၊ ငြုပ်တောင့်(အပု) တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ၀၊ ကုလားပဲဇံခြမ်း တစ်ပိဿာလျှင် ကျပ် ၆၈၀ဝ ၊ မန်ကျီးသီးမှည့် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၅၀ဝ၊  ငံပြာရည် တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ၊ ငါးရံ့ခြောက် တစ်ပိဿာလျှင်  ကျပ် ၆၀ဝ၀ဝ ၊ ခေါက်ဆွဲခြောက် တစ်ထုပ်လျှင် ကျပ် ၅၀ဝ ၊ ကြက်ဥတစ်လုံးလျှင် ကျပ် ၂၅၀ နှင့် ဘဲဥတစ်လုံး လျှင်  ကျပ် ၃၅၀-၃၇၀ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
    အလားတူ ဗမာကြက်တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ဝ၊ ဃဏ ကြက်တစ် ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ၊ ဝက်သား တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၀၊ အမဲသားတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀၊ ဆိတ်သား တစ်ပိဿာလျှင်  ကျပ် ၂၅၀ဝ၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ ငါးကြင်းတစ်ပိဿာ လျှင် ကျပ် ၈၀ဝ၀ စသည့်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ယခင်ပတ်နှင့် ယခုပတ် နှိုင်းယှဉ်ရာတွင် စားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှု မရှိသော် လည်း စားအုန်းဆီဈေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားသည်။  

 

တင်မင်း