Main menu

Background

မော်လမြိုင် ကုန်စည်ဒိုင်မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးနှုန်း

Mon, 03/04/2024 - 09:59 -- journal_editor

မော်လမြိုင်ကုန်စည်ဒိုင်၌ ဖေဖော်ဝါရီ စတုတ္ထပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာဈေးနှုန်း အခြေအနေများမှာ မြစ်သား ကြက်သွန်နီ(အကြီး) ကျပ် ၃၄၀ဝ၊ (အလတ်) ကျပ် ၃၃၀ဝ၊ (အငယ်) ကျပ် ၃၁၀ဝ၊ မိုးကြက်သွန်နီ(အသစ်) (အကြီး) ကျပ်၂၉၀ဝ၊ (အလတ်) ကျပ် ၂၇၀ဝ၊ (အငယ်) ကျပ်၂၃၀ဝ ဖြစ်သည်။  ကြက်သွန်ဖြူတစ်ပိဿာဈေးနှုန်းများမှာ ကြူကုတ် တစ်ပိဿာလျှင် ကျပ် ၉၅၀ဝ၊ ထူလေး တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀၊ ထူငါး တစ်ပိဿာလျှင် ကျပ် ၁၅၅၀ဝ၊ ချင်း(ဥမ) တစ်ပိဿာလျှင် ကျပ် ၃၉၀ဝ၊ ချင်းပြတ်(ခြောက်) တစ်ပိဿာလျှင် ကျပ် ၆၁၀ဝ ဖြစ်ကြောင်းသိရသည်။ယခင် ဇန်နဝါရီ ပထမပတ်အတွင်း ကြက်သွန်နီဈေးနှုန်း အခြေအနေမှာ မြစ်သား ကြက်သွန်နီ(အကြီး) ကျပ် ၃၇၀ဝ၊ (အလတ်) ကျပ် ၃၅၀ဝ၊ (အငယ်) ကျပ် ၃၁၀ဝ၊ မိုးကြက်သွန်နီ(အသစ်) (အကြီး) ကျပ် ၃၂၀ဝ၊ (အလတ်) ကျပ် ၂၆၀ဝ၊ (အငယ်)  ကျပ်၂၆၀ဝ ဖြစ်သည်။  ယခင်လ ကြက်သွန်ဖြူဈေးနှုန်းမှာ တစ်ပိဿာလျှင် ကြူကုတ် ကျပ် ၁၀၅၀ဝ၊ ထူလေး ကျပ် ၁၇၀ဝ၀၊ ထူငါး ကျပ် ၁၇၅၀ဝ၊ ချင်း(ဥမ) တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၊ ချင်းပြတ် (ခြောက်) တစ်ပိဿာကျပ် ၅၅၀ဝ ဖြစ်ကြောင်းသိရသည်။  ကြက်သွန်နီဈေးနှုန်း မှာ ယခင်လနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ် ၃၀ဝ နှင့် ၄၀ဝ ခန့်အတွင်း၊ ကြက်သွန်ဖြူဈေးနှုန်းမှာ ကျပ် ၈၀ဝ မှ ၁၀ဝ၀ခန့် အတွင်း ဈေးနှုန်းကျဆင်းကြောင်းသိရသည်။  ကြက်သွန်နီ၊ ကြက်သွန်ဖြူ အသစ်များ ပေါ်ချိန်ရာသီဖြစ်၍ လည်းကောင်း၊ မော်လမြိုင်သို့  ဝင်ရောက်မှုများပြားမှုတို့ကြောင့် လည်းကောင်း ကြက်သွန်နီ/ဖြူ ဈေးနှုန်း ကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။                                                  

 

ခင်ကြည်(မွန်)