Main menu

Background

ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သောအခြေခံစားသောက်ကုန်ဈေးနှုန်းများ

Mon, 03/04/2024 - 11:51 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌ ဖေဖော်ဝါရီလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်ဖြူ (ကြူကုတ်-ရှယ်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်၉၉၀ဝ မှ အနိမ့်ဈေး ကျပ် ၉၈၀ဝ ထိလည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်းထူး-၂) တစ်ပိဿာလျှင် ကျပ် ၁၆၅၀ဝ ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ၀ ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ (အောင်ပန်းထူး -၄) တစ်ပိဿာလျှင် ၁၇၃၀ဝ ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၅) တစ်ပိဿာလျှင် ကျပ် ၁၇၈၀ဝ ဖြင့်လည်းကောင်း၊ ငရုတ်သီး(ဆင်ဖြူကျွန်း-ပု) တစ်ပိဿာလျှင် ကျပ် ၁၃၅၀ဝ မှ ကျပ် ၁၄၅၀ဝ ထိလည်းကောင်း၊ ငရုတ်သီး(ပန်းရဲ-သစ်) တစ်ပိဿာလျှင် ကျပ် ၈၇၀ဝ မှ ၉၀ဝ၀ ထိလည်းကောင်း၊ ငရုတ်သီး မြှားနီ တစ်ပိဿာလျှင် ကျပ် ၈၅၀ဝ မှ ကျပ် ၈၈၀ဝ ထိ လည်းကောင်း၊ မန်ကျည်းသီး(ကပ်ပွင့်) တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ မှ ကျပ် ၃၁၀ဝ ထိလည်းကောင်း၊မန်ကျည်းသီး(အသား) တစ်ပိဿာလျှင် ကျပ် ၁၉၀ဝမှ ကျပ် ၂၉၀ဝ ထိလည်းကောင်း၊ မန်ကျည်းသီး(ရမည်းသင်း) (ဓားစင်း) တစ်ပိဿာလျှင် ကျပ်၂၇၀ဝ မှ၂၈၀ဝ ထိလည်းကောင်း၊ ကြံသကာ(အိတ်သွတ်စ) တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ မှ ကျပ် ၃၀ဝ၀ လည်းကောင်း၊ ကြံသကာ (သစ်) တစ်ပိဿာလျှင် ကျပ် ၄၁၀ဝ မှ ကျပ် ၄၂၀ဝ ထိလည်းကောင်း၊ သကြား(ပြည်တွင်း) တစ်ပိဿာလျှင် ကျပ် ၄၀၇၀ မှ ကျပ် ၄၁၀ဝ ထိလည်းကောင်း၊ထန်းလျက်(တောင်သာ) တစ်ပိဿာလျှင် ကျပ် ၄၆၀ဝ မှ ကျပ် ၄၇၀ဝ ဖြင့်လည်းကောင်း၊ ထန်းလျက်(ညောင်ဦး) တစ်ပိဿာလျှင် ကျပ် ၃၇၀ဝ မှ ကျပ်၅၃၀ဝ ထိလည်းကောင်း၊ ရေစကြိုထန်းလျက် တစ်ပိဿာလျှင် ကျပ် ၅၇၀ဝမှ ကျပ် ၅၈၀ဝ ထိလည်းကောင်း၊ အာလူး (အောင်ပန်း-ဗ၁) တစ်ပိဿာလျှင်ကျပ် ၂၄၀ဝ၊ အာလူး (အောင်ပန်း-ဥု) တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ၊အာလူး (အောင်ပန်း-ှ၁) တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ၊ အာလူး(အောင်ပန်း-ှ၂) တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ၊ အာလူး (အောင်ပန်း- ှ၃) တစ်ပိဿာလျှင်ကျပ် ၁၉၀ဝ ဖြင့်လည်းကောင်း၊ ကြက်သွန်နီ (ဆိပ်ဖြူ) တစ်ပိဿာလျှင်ကျပ် ၃၂၀ဝ ထိလည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်ဖြူနှင့်ထန်းလျက်များမှာ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများ ဈေးနှုန်းအနည်းငယ်သာ အတက်အကျရှိကြောင်း သိရှိရသည်။

နှင်းနွယ် (DOCA YGN)