Main menu

Background

မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်

Mon, 04/01/2024 - 11:36 -- journal_editor

ပွတ်သားဈေးကျသော်လည်း သကြားဈေးတက်
နတ်တော်လမှစတင်ကာ  ယခုတပေါင်းလအထိ  ကြံစိုက် တောင်သူများကိုယ်တိုင် ပွက်သားများကို ချက်၍ သကာရည်များ တင်ပို့ရောင်းချလျက်ရှိသည်။ ကသာ၊ ထီးချိုင့်၊  တွင်းငယ်မြို့များ၏ အခေါ်ဝေါ်မှာ ပွက်သားသို့မဟုတ် သကာရည်၊ ရှမ်းပြည်နယ်မြောက် ပိုင်းဒေသတို့မှ တင်လဲရည်ဟုခေါ်ဆိုကြသည်။ မတ္တရာမြို့နယ်၊ ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်တို့မှထွက်ရှိသည့်ကြံများကို တစ်တန် လျှင် ကျပ် ၁၂၀ဝ၀ဝ မှ ၁၃၀ဝ၀ဝ  ငွေရည်ပုလဲသကြားစက်နှင့် ဝေမာလ်သကြားစက်များ သို့ ရောင်းချကြသည်။ 
သကြားနှင့် သကာရည်ကို မန္တလေးကုန်စည်ဒိုင်အသင်းမှ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းဝယ်လျက်ရှိသည်။  ယခုနှစ် ဖေဖော် ဝါရီလ ဒုတိယပတ်တွင် ပွက်သားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ မှ ကျပ်၂၆၀ဝ အထိ၊  သကြားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၇၈၀ မှ  ကျပ် ၃၈၅၀ အထိရှိပြီး မတ်လ စတုတ္ထပတ်တွင် ပွက်သား ဈေးမှာ တစ်ပိဿာ လျှင်ကျပ် ၂၁၀ဝ မှ ၂၂၀ဝ အထိ သကြားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၂၅၀ နှင့် ကျပ် ၄၃၀ဝ အထိ အရောင်းအဝယ်ရှိ သည်။ မတ်လကဲ့သို့ နွေရာသီတွင် အခြားလများနှင့်မတူဘဲ အချိုရည် လုပ်ငန်းမျိုးစုံတို့မှာ ပိုမိုထုတ်လုပ်လျက်ရှိသောကြောင့် အရောင်း အဝယ် ပိုမိုလျက်ဖြစ်လျက်ရှိသည်။ နို့ဆီချက်လုပ်ငန်း၊ ဂျုံဖြင့် ပြုလုပ် သော မုန့်မျိုးစုံလုပ်ငန်း၊ ယိုစုံလုပ်ငန်းတို့မှာ ပုံမှန်လုပ်ကိုင် ကြောင်း သိရှိရပြီး၊ ပွက်သားဈေး ကျသော်လည် သကြား ဈေးမှာ တက်လျက် ရှိကြောင်း သကြားနှင့်သကာရည် ကုန်စည်ဒိုင်အသင်းမှ သိရှိရသည်။
နွေစပါးစိုက်ပျိုးရန် စတင်ပျိုးထောင်နေ
မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင်တွင် ယခုမတ်လ ဆန်းမှစတင်၍ နွေစပါးစိုက်ပျိုးရန် မျိုးများစတင်ပျိုးထောင်လျက်ရှိ သည်။  အများဆုံးပျိုးထောင်သော  မျိုးများမှာ ဧရာပဒေသာမျိုး နှင့် မနောသုခမျိုးများဖြစ်ကြသည်။ ယခင်နှစ် နွေစပါးပျိုးထောင်ချိန် တွင်ပဒေသာမျိုး တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ  နှင့် မနောသုခမျိုး တစ်တင်းလျှင် ကျပ် ၇၅၀ဝ ဖြစ်ပြီး ယခုနှစ်နွေစပါး ပျိုးထောင်ချိန် တွင် ဧရာပဒေသာမျိုးတစ်တင်းလျှင်  ကျပ် ၃၃၀ဝ၀ နှင့် မနောသုခ မျိုး တစ်တင်းလျှင်  ကျပ် ၂၄၀ဝ၀ ဈေးဖြစ်သည်။  တစ်ဧကလျှင် စပါးမျိုးနှစ်တင်း ပျိုးထောင်ရကြောင်း သိရှိရသည်။ ပျိုးထောင်ရန် အတွက် ဆည်‌ရေများပေးဝေနေပြီဖြစ်သောကြောင့် မျိုးများ စတင် ပျိုးထောင်လျက်ရှိကြောင်းသိရှိရသည်။ 
ဆောင်းနှမ်းများ အောင်မြင်စွာ ရိတ်သိမ်းပြီးစီး
ကျောက်ဆည်ခရိုင်အတွင်းတွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာတို့ကိုလည်း တစ်နှစ် ပတ်လုံးစိုက်ပျိုးကြသည်။ ယခုအခါ ဆောင်းနှမ်းများအားလုံး ရိတ် သိမ်းပြီးစီးပြီဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ဆောင်းနှမ်းတစ်ဧက ကုန် ကျစရိတ်အနေဖြင့် ကျပ် ၃၀ဝ၀ဝ၀ ဝန်းကျင်ခန့်ကုန်ကျပြီး အထွက် နှုန်းအနေဖြင့် ၈-၉ တင်းခန့်  ထွက်ရှိကြောင်း၊   ဈေးနှုန်းအနေဖြင့် ‌ဆောင်းနှမ်း  စတင်ထွက်ပေါ်ချိန်တွင် နှမ်းဖြူတစ်တင်းလျှင် ကျပ် ၁၃၃၀ဝ၀၊ နှမ်းညိုတစ်တင်းလျှင် ကျပ် ၁၀၃၀ဝ၀ နှမ်းနက် ရိုးရိုး တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ ဈေးတို့ဖြင့် ရောင်းဝယ်ခဲ့ပြီး မတ်လနောက်ဆုံးပတ် ဈေးအနေဖြင့် နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၁၃၂၀ဝ၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၉၀ဝ၀ဝ၊ နှမ်းနက်ရိုးရိုး  တစ်တင်းလျှင် ကျပ် ၈၀ဝ၀ဝ၊ နှမ်းဆီ တစ် ပိဿာလျှင် ကျပ် ၁၄၂၀ဝ ဈေးနှုန်းတို့ဖြင့်  ရောင်းဝယ်လျက်ရှိ ကြောင်း သိရသည်။
ရုံးပတီသီးစိုက်ပျိုး ဝင်ငွေတိုး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ‌ကျေး လက်နေတောင်သူများသည်  စပါး၊ ပဲ၊ ပြောင်း၊ နှမ်း စသည့် သီးနှံ များစိုက်ပျိုးသည့်အပြင် ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံများကို လည်း နှစ်စဉ် ရာသီအလိုက်စိုက်ပျိုးကြသည်။ ၎င်းသီးနှံများအနက် ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး  ဝင်ငွေရလွယ် သောသီးနှံ တစ်မျိုးဖြစ်ပြီး စိုက်ပျိုးသောမျိုးများမှာ ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့် မျိုး များ ဖြစ်သည်။ စိုက်ပျိုးပြီးပန်းပွင့် ပြီး တစ်ပတ်အကြာတွင် စတင် ခူးဆွတ်ရသည်။ ထိုသို့ ခူးဆွတ်မှသာ စားကောင်းသော အနေတော် ရုံးပတီသီးများ ရရှိမည်ဖြစ်သည်။ ခူးဆွတ်မှုအနေဖြင့် နှစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်ပေးရသည်။ ပူပြင်းသောရာသီဥတုတွင်  အသီး ရင့်မှည့်လွယ်သောကြောင့် နှစ်ရက်တစ်ကြိမ် ခူးဆွတ်ရသည်။  ဈေး နှုန်းအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ - ၁၆၀ဝ ဈေးနှုန်းရရှိပြီး တစ်ဧကအထွက်နှုန်းအနေဖြင့်ပိဿာ ၁၁၀ဝ ခန့်ထွက်ရှိကြောင်း သိရသည်။  ရုံးပတီသီး စားသုံးခြင်းဖြင့် ဆီးချိုရောဂါ၊ နှလုံး ရောဂါနှင့် ကင်ဆာရောဂါများကို သက်သာပျောက်ကင်းစေပြီး ဒူးနှင့်ပတ်သက် သောရောဂါများနှင့် ရိုးတွင်းချဉ်ဆီကို အားကောင်းစေကြောင်း သိရှိ ရသည်။ စားသုံးသူအတွက်  ဆေးဖက်လည်းဝင် မိသားစုဝင်ငွေ တိုးသည့် ရုံးပတီသီးပင်အား  တိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသား လိုက်ရသည်။
စတော်ဘယ်ရီသီးများရောင်းအားကောင်း
စတော်ဘယ်ရီသီးများကို  ယခင်က တောင်ပေါ်ဒေသတွင် စိုက်ပျိုး  ခဲ့ပြီး ယခုအခါတွင် တောင်ပေါ်၊ မြေပြန့်နေရာ ဒေသအသီး သီးတွင်   စိုက်ပျိုးလာကြကြောင်း၊   တောင်ပေါ်ဒေသဖြစ်သည့် ပြင်ဦးလွင်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်းမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။ ယခုရာသီအချိန်တွင် စတော်ဘယ်ရီသီးများ ထွက်ပေါ်လာပြီဖြစ်၍ ဈေးကွက်အတွင်း ရောင်းအားကောင်းနေကြောင်း၊ စတော် ဘယ်ရီသီးများမှ ဒေသမျိုး၊ ထိုင်ဝမ်မျိုးနှင့် ဂျပန်မျိုးဟူ၍ ရှိရာ ဒေသ သီးခေါ် အလုံးသေးအသီးများသာမက  ခပ်ပြားပြား သဏ္ဌာန်ရှိပြီး အရသာချဉ်သော ထိုင်ဝမ်သီးများနှင့် အလုံးကြီးပြီးချိုသော ဂျပန် သီးများကို အဓိကစိုက်ပျိုးကြကြောင်း သိရသည်။ စတော်ဘယ်ရီသီးများကို သစ်သီးပွဲရုံများသို့ ဒေသမျိုး တစ် ပိဿာလျှင် ကျပ် ၈၀ဝ၀၊ ထိုင်ဝမ်မျိုးတစ်ပိဿာလျှင် ကျပ် ၁၃၀ဝ၀၊ ဂျပန်မျိုးတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၀ ဈေးဖြင့် ရောင်းချပြီး မန္တလေး နှင့် အခြားမြို့များသို့လည်း တင်ပို့ရောင်းချကြောင်း၊ ပြင်ဦးလွင်မြို့သို့ အပန်းဖြေအလည်ပတ်ရောက်ရှိလာသည့် ဧည့်သည်များနှင့် ခရီး သွားပြည်သူများမှလည်း အိမ်ပြန်လက်ဆောင်အဖြစ်  ဝယ်ယူပြီး စားသောက်ဆိုင်များမှလည်း ဝယ်ယူကြ၍ ဈေးကွက်အတွင်း ရောင်း အားကောင်းသောကြောင့် စတော်ဘယ်ရီ စိုက်ပျိုးသူများ အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။

 

ခင်မေဝင်း၊ မော်မော်အောင်၊ သန်းသန်းမိုး၊ မျိုးမင်းသန်း၊ ကြည်စိန်