Main menu

Background

ပုသိမ် သီဟိုဠ်ဈေးကွက်တွင် ဈေးနှုန်းများကျဆင်း

Tue, 05/07/2024 - 10:44 -- journal_editor

ပုသိမ်မြို့  ပြည်ပပို့ကုန်သီဟိုဠ်ဈေးကွက်၌ ရာသီ သီးနှံအဖြစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ဈေးကွက်ဝင် ရောက်လျက် မေလဒုတိယပတ်ရောက်လျှင် သီဟိုဠ်ရာသီ ကုန်ဆုံးသွားကြောင်း  သီဟိုဠ်အဝယ်ဒိုင်များမှသိရသည်၊ သီဟိုဠ်ပေါ်ချိန် မြို့ပေါ်တွင် အဝယ်ဒိုင် ငါးဒိုင်ခန့်မှ သီဟိုဠ်စေ့ များကိုဝယ်ယူ၍  ရန်ကုန်မြို့သို့ အဓိကတင်ပို့မှုရှိပြီး ရန်ကုန် စက်မှုဇုန်ရှိ   သီဟိုဠ်ခွဲစက်များမှ   ကုန်ချောပြုလုပ်ကာ ပြည်တွင်း/ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုရှိကြောင်း ဈေးကွက်မှ သိရသည်၊
သီဟိုဠ်ပေါ်ချိန်   ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် တစ်ပိဿာလျှင် ကျပ် ၄၈၀ဝ-၅၀ဝ၀ ဈေးဖြင့် ဝယ်ယူမှုရှိသော် လည်း သီဟိုဠ်စေ့လှိုင်လှိုင်ပေါ်ချိန် မတ်၊ ဧပြီလများတွင် သီဟိုဠ်ဈေးနှုန်းမှာ  နေ့စဉ်  တစ်ပိဿာ ကျပ် ၁၀ဝ-၂၀ဝ  ဈေးနှုန်းကျဆင်းလျက်ရှိပြီး ယခုမေလဆန်း ပထမပတ်တွင် သီဟိုဠ်စေ့တစ်ပိဿာကို  ကျပ် ၃၅၀ဝ-၃၆၀ဝ  ဈေးနှင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်နှစ်များ၌ ယခုလို အချိန်မိုးရွာသွန်းပါက   သီဟိုဠ်စေ့မှာ   မိုးမိသည့်အတွက် အရောင်မှာမည်းသွား၍ အရည်အသွေးကျဆင်းပြီး သီဟိုဠ် တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ ဈေးအတွင်းသာ ဝယ်ယူမှုရှိ ကြောင်း၊   ဈေးနှုန်းအနည်းငယ်  ကျဆင်းမှုရှိသော်လည်း အထွက်ကောင်းသည့်အတွက် တွက်ခြေကိုက်မှုရှိကြောင်း သီဟိုဠ်စိုက် တောင်သူ/ကုန်သည်များ ထံမှသိရသည်၊
မင်းမင်းဦး(ပသ)