Main menu

Background

ဘုရင့်နောင်ကုန်စည်ဒိုင်၏ အခြေခံစားသောက်ကုန် ဈေးနှုန်းများ

Tue, 05/07/2024 - 11:28 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်၌  ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်မှ မေလဆန်းအတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်ဈေး နှုန်းများမှာ  ကြက်သွန်ဖြူ (ကြူကုတ်-ရှယ်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ် ၁၃၀ဝ၀၊ အနိမ့်ဈေး ကျပ် ၁၂၅၀ဝ၊  ကြက်သွန်ဖြူ(အောင်ပန်း ထူး-၂) တစ်ပိဿာ လျှင် ကျပ် ၆၅၀ဝ၊ ကြက်သွန်ဖြူ(အောင်ပန်း ထူး-၃) တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၄)  တစ်ပိဿာလျှင် ကျပ် ၇၅၀ဝ၊ ကြက်သွန်ဖြူ (အောင်ပန်း ထူး-၅) တစ်ပိဿာလျှင် ကျပ် ၈၀ဝ၀၊ ငရုတ်သီး(ဆင်ဖြူကျွန်း-ပု) တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ဝ မှ ၁၁၀ဝ၀ ၊ ငရုတ်သီး(ပန်းရဲ-သစ်) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ၊ ငရုတ်သီး မြှားနီ တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ မှ ၄၀ဝ၀ ထိ အသီးသီး ဖြစ်ပေါ်ခဲ့သည်။
မန်ကျည်းသီး တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ မှ ၃၅၀ဝ၊ မန်ကျဉ်းသီး (အသား) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ မှ ၄၅၀ဝ၊ မန်ကျည်းသီး (ရမည်းသင်း) (ဒါးဇင်း) တစ် ပိဿာလျှင် ကျပ် ၃၂၀ဝ မှ ၃၃၀ဝ၊ ကြံသကာ (အိတ်သွတ်စ) တစ်ပိဿာလျှင် ကျပ် ၂၇၀ဝ မှ ၃၁၀ဝ၊ ကြံသကာ(သစ်) တစ် ပိဿာလျှင် ကျပ် ၄၁၀ဝ မှ ၄၂၀ဝ၊  သကြား (ပြည်တွင်း) တစ်ပိဿာလျှင် ကျပ် ၄၆၀ဝ၊ ထန်းလျက် (တောင်သာ) တစ်ပိဿာ လျှင် ကျပ် ၄၅၀ဝ မှ ၄၇၀ဝ၊ ထန်းလျက် (ညောင်ဦး) တစ်ပိဿာလျှင်  ကျပ် ၃၈၀ဝ မှ ၅၂၀ဝ၊ ရေစကြိုထန်းလျက် တစ်ပိဿာလျှင် ကျပ် ၅၆၀ဝမှ  ၅၈၀ဝ၊ အာလူး (ပခုက္ကူ-ဥု) တစ်ပိဿာလျှင် ၁၈၀ဝ ကျပ်၊ အာလူး (ပခုက္ကူ-ှ၁) တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၊ အာလူး (ဟဲဟိုး-ဗ၁) တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၊ အာလူး (ဟဲဟိုး-ဥု) တစ်ပိဿာလျှင် ကျပ် ၁၈၀ဝ၊ အာလူး (ဟဲဟိုး-ှ၁) တစ်ပိဿာလျှင် ကျပ် ၁၆၀ဝ၊ အာလူး (ဟဲဟိုး-ှ၂) တစ်ပိဿာလျှင် ကျပ် ၁၄၀ဝ၊ ကြက်သွန်နီ (ဆိပ်ဖြူ) တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ မှ ၂၆၅၀ ထိလည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်ဖြူဈေးနှုန်းများ အနည်းငယ် တက်လျက်ရှိပြီး ကျန်အခြေခံ စားသောက် ကုန်ဈေးနှုန်းများ ဈေးနှုန်းအနည်းငယ်သာ အတက်အကျရှိကြောင်း သိရှိရသည်။

နှင်းနွယ် (DOCA YGN)